'ကျွန်မ . . . ကျွန်မ . . . ဘယ်ကိုရောက်နေတာလဲဟင်'
သူမ သတိပြန်လည်လာပုံက ရုပ်ရှင်ဆန်သည်ဟု တွေးပြီး Yuri ပြုံးလိုက်မိသေး၏။
ရေစိုနေသော သူမ၏အဝတ်အစားများကို Fanyက သူ့အဝတ်တွေနှင့် လဲလှယ်ပေးထားသောကြောင့် ကပိုကယိုဖြစ်နေပုံမှာ အနှီးပိတ်စတွေကြား လူးလွန်ချင်နေသည့် ကလေးတစ်ယောက်လိုဖြစ်နေသည်။
Fanyက . . .
'နေဦး ... နေဦး ... ညီမလေး မထနဲ့ဦးလေ'
ကုတင်ပေါ်မှ အတင်းလူးလဲထဖို့ အားယူနေသည့် သူမကို တားလိုက်၏။ Yuriကတော့ လက်ကိုပိုက်ကာ နံရံမှာ မတ်တပ်ရပ်မှီးရင်း .....
'မင်း ..... ရေထဲပြုတ်ကျပြီး သတိလစ်သွားလို့ ကိုယ်ဆယ်လာတာလေ၊ အခု Dover မှာရှိတဲ့ ကိုယ့်တိုက်ခန်းကို ရောက်နေတာ'
'အား ..... ကျွတ် .... ကျွတ် ....'
သူမက နဖူးဆံစပ်မှဒဏ်ရာကို လက်ဖြင့် အသာအုပ်ကိုင်ရင်း နာနာကျင်ကျင် ညည်းတွားလိုက်၏။ Yuriက .....
'မင်း ခြေချော်ပြီးအကျမှာ ကျောက်ဆောင်နဲ့ ခေါင်းကိုရိုက်မိသွားပြီး နည်းနည်းထိသွားတယ်၊ ခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး၊ ဒီမှာ ကိုယ့်အစ်မဆရာဝန်လည်း ရှိနေတာပဲဥစ္စာ'
Fanyက ဝင်ပြီး .....
'ဟုတ်တယ် ညီမလေးရဲ့၊ ခေါင်းနည်းနည်းပေါက်သွားလို့ မမ ဆေးထည့်ပေးထားတယ်၊ ဦးခေါင်းခွံရိုးတွေ ဘာတွေကိုတော့ မထိပါဘူး၊ အပေါ်ယံဒဏ်ရာပါ'
သူမ၏မျက်လုံးအကြည့်တွေက Yuriဆီကိုတစ်လှည့်၊ Fanyဆီကိုတစ်လှည့် ရွေ့လျားနေသောကြောင့် Yuriကပင် ဝင်၍ မိတ်ဆက်ပေးလိုက်၏။
'ကိုယ့်အစ်မနာမည်က Tiffanyလို့ခေါ်တယ်၊ Fanyလို့ ခေါ်လည်းရတယ်။ ကိုယ့်နာမည်က Yuri၊ မင်းကိုရေထဲကဆယ်ပြီးပြီးချင်း ကြည့်လိုက်တော့ ပတ်စပို့တွေ ဘာတွေလည်းပါလာတာမတွေ့လို့ Overstay ဖြစ်နေရင် ပြဿနာတက်နိုင်တာနဲ့ ဆေးရုံကိုမပို့ဘဲ ကိုယ့်အိမ်ကို ခေါ်လာခဲ့တာ'
Yuriရှင်းပြလိုက်တော့ ကောင်မလေး၏မျက်ဝန်းတွေက မြွေတစ်ကောင်၏အကြည့်မျိုးဆန်သွားသည်။ ပြီးတော့ သူမ၏နှုတ်က တိုးဖွဖြည်းညှင်းစွာဖြင့် .....

YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .