Part~7(a)

693 61 8
                                        

ကတ်သီးကပ်သပ် တစ်ခုခုတောင်းဆိုလိမ့်မည်ဆိုသည်ကိုတော့ အစကတည်းကရိပ်မိသည်။ စာမေးပွဲတစ်ခုလိုပေါ့။ တကယ်မဖြေနိုင်အောင် တကယ်မေးပြီဆိုရင်တော့ ကျောင်းသားတော်တော်များများကျမှာ သေချာသည်။

ဒါပေမယ့် မေးခွန်းထုတ်သူဘက်က ကိုယ့်ကို ဘယ်လောက်ရာခိုင်နှုန်းအထိ အခွင့်အရေးပေးချင်စိတ်ရှိမလဲဟုသာ စောင့်ကြည့်ရတော့မည်။

Jessicaက ......

'ငါလိုချင်တာက သဇင်ပန်း'

Yuri ခေါင်းမှဆံပင်တွေကို ထိုးဖွမိသည်။ ညစ်တာကတော့ လှလှပပကို ညစ်လိုက်ပြီဖြစ်၏။

'နင်ကလည်း ....... ဒါ .... သဇင်ပန်းပွင့်တဲ့ရာသီမှမဟုတ်တာ'

သဇင်ပန်းပွင့်သည့်ရာသီပင်ဖြစ်ဦးတော့ စင်္ကာပူမှာ သဇင်ပန်း ရှိ မရှိ သူမ ကောင်းကောင်းမသိ။ မြန်မာပြည်ကလာသည့်ပစ္စည်း တော်တော်များများကို စင်္ကာပူမှာ ဝယ်၍ရသည့်ကတော့ မှန်၏။ သို့သော် သဇင်ပန်းကိုတော့ ရ မရ မသေချာ။

တကယ်လို့ရနိုင်လျှင်တောင် ဘယ်နေရာမှာသွားဝယ်ရမည်မှန်း သူမသိချေ။

မရဏဖွားမလေးကတော့ အကြောခပ်တင်းတင်းပင်။

'ဒါတော့ ငါလည်းမသိဘူးလေ။ နင်ပဲ ငါ့ရဲ့နှုတ်ဆက်ဖော်ဖြစ်ခွင့်ရဖို့ ဘာမဆိုလုပ်ပေးမယ် ..... ဆို'

'ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ငါပြောတာက အဲ့လိုကြီးတော့လည်း မဟုတ်ဘူးလေ၊ ဟို ဘယ်လိုလဲဆိုတာ ......'

Yuriက စကားတွေကို ဗလုံးဗထွေးလုပ်ရင်း ဘယ်လိုအကြောင်းပြရင်ကောင်းမလဲဟု စဉ်းစားနေသည်။ ပြီးတော့ ......

'နင်ကလည်း၊ သဇင်ပန်းဆိုတာ နာမည်သာကြီးတာ၊ လှလည်းမလှဘူး၊ အပွင့်တွေကပိစိညှောက်တောက်ကလေး၊ ပြီးတော့ အောက်မှာလည်း ဥကြီးတွဲလောင်းနဲ့ သိပ်ရုပ်ဆိုးတာ'

'ဒါတွေ ငါစိတ်မဝင်စားဘူး'

Jessicaကတော့ ခေါင်းမာမာပင်၊ Yuriက ....

'ဒီ့ပြင်ပန်းပြောင်းပြီး ယူပါလား၊ ဟိုလေ ဥကြီးတွဲလောင်းကျနေတဲ့ တခြားပန်းရှိတယ်၊ ယူမလား'

'နင် .... မမိုက်ရိုင်းနဲ့နော်'

သူမမျက်နှာကလေး နီရဲသွား၏။ Yuriက ......

Tomorrow ProgrammeWhere stories live. Discover now