'ဒေါက် ... ဒေါက် ... ဒေါက်'
Yuriက Jessica၏အခန်းတံခါးကို ခေါက်လိုက်ပြီး ...
'Sicaရေ ... အိပ်ယာကမနိုးသေးဘူးလား၊ ထတော့လေ'
မနက်ခင်း ထုံးစံအတိုင်း တံခါးခေါက်ပြီးနှိုးလိုက်သော်လည်း အထဲမှ ပြန်ဖြေသံမကြားရသဖြင့် Yuriက တံခါး Lock လက်ကိုင်ဖုကိုလှည့်ကာ တွန်းဖွင့်လိုက်သည်။
Jessicaက အိပ်ယာပေါ်တွင်ထိုင်ကာ ငိုင်နေ၏။ သူမ၏ လက်ထဲမှာတော့ ရေချိုးခန်းထဲမှ သွားပွတ်တံသုံးချောင်းကိုကိုင်ထားရင်း စိတ်ရှုပ်ထွေးထွေပြားစွာဖြင့် ဟိုတစ်ချောင်းကြည့်လိုက် ဒီတစ်ချောင်းကိုကြည့်လိုက် လုပ်နေသည်။
Yuriက သူမအနီးသို့သွားရပ်လိုက်ပြီး .....
'ဘာလုပ်နေတာလဲ Sicaရဲ့၊ သွားတိုက်မယ်ဆိုရင်လည်း တိုက်တော့လေ၊ Yulက ဘာများဖြစ်နေတာလဲလို့'
'ဟို .... ဟို ....'
Jessica၏အမူအယာက ပုံမှန်မဟုတ်ဘဲ အာရုံတွေလွင့်ပါးနေသလိုလို၊ တစ်စုံတစ်ရာကို တွန့်ဆုတ်ကြောက်ရွံ့သလိုဖြစ်နေသည်။
Yuriက ....
'Sica ... ဘာဖြစ်နေတာလဲ၊ Yulကို ပွင့်ပွင့်လင်းလင်း ပြောပြစမ်းပါ'
Jessicaက တဆတ်ဆတ်တုန်ယင်နေသည့် သူမ၏လက်ထဲမှ သွားပွတ်တံ(၃)ခုကို Yuri၏ရှေ့သို့ထိုးပြရင်း ....
'Yul ... ဒီဟာတွေထဲက Sicaသုံးနေကျသွားပွတ်တံက ဘယ် ... ဘယ်ဟာလဲဟင်'
'ဟောဒီ ပန်းရောင်လေးလေ Sicaရဲ့၊ ဘာလဲ ... Sicaက Yulကို နောက်နေတာလား'
Yuriက သူမ ဘာရည်ရွယ်ချက်နှင့်ပြောနေမှန်းကို နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်၏။
Jessica၏အသံက အားငယ်ဝမ်းနည်းစွာ ဖျော့တော့တိုးလျသွားပြီး ...
'Sica ... Sica မေ့သွားလို့ပါ Yulရယ်'
'မဟုတ်သေးပါဘူး Sicaရယ်၊ Sica ဒီလောက်ထိ သတိချွတ်ယွင်းလာတယ်ဆိုတာ အကြောင်းမဲ့တော့မဖြစ်နိုင်ဘူး၊ Sica ဘာဖြစ်နေတာလဲ၊ Yulကို အမှန်အတိုင်းပြောပြစမ်းပါ'
ရုတ်တရက် Jessica၏ညာဖက်မျက်ဝန်းထောင့်တွင် မျက်ရည်စက်တစ်စက်ဥလာ၏။ ချက်ချင်းပင် မျက်ရည်စက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။

STAI LEGGENDO
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .