Hyoyeonတို့ညီအစ်မတစ်သိုက်ရှေ့တွင် Yuri၏အမူအရာက သိပ်ကို သနားစရာကောင်းလောက်အောင် မှင်သေလွန်းနေသည်။
အငယ်ဆုံးညီမလေး Seohyunက မကျေမချမ်း လေသံဖြင့် ....
'နတ်မေးနေတုန်း ကဖျက်ယဖျက်လုပ်ရင် နတ်က စိတ်ဆိုးပြီး ကိုင်တတ်တယ်ဆိုတာ ရှင်မကြားဖူးဘူးလား၊ ဟင် ...... ရှင်တော့ နတ်ကိုင်တာခံရတော့မယ်'
'နတ်ကကိုင်ပြီဆိုရင် အခံရသိပ်ခက်လားဟင်'
Yuriက အသံညောင်နာနာနှင့် ပြန်မေး၏။
Hyoyeonက မျက်နှာရှုံ့မဲ့သွားပြီး ......
'ဟင် ..... ရှင်မေးတဲ့အဓိပ္ပာယ်ကြီးကလည်း၊ နတ်က သူ့လက်နဲ့ ကိုင်တာမှမဟုတ်တာ'
'ဪ ..... သဘောပေါက်ပြီ၊ တူနဲ့ညှပ်တာပေါ့နော်၊ ကြည့်စမ်း ..... ဖျာလိပ်နတ်မအောင်ဖြူက တရုတ်ကပြားမှန်း ကျွန်မ မသိဘူး'
အလတ်မ Yoonaက ကြားဝင်ပြီး ......
'ရှင်ဟာလေ .... ပြောလေဆိုးလေ၊ ကိုယ်မယုံရင် မယုံသလိုနေ၊ သူများယုံကြည်မှုကို ကိုးလို့ကန့်လန့်ဝင်မလုပ်ရဘူးဆိုတာ နားမလည်ဘူးလား၊ ဟွန်း .... တော်တော်ယဉ်ကျေးမှုမရှိတဲ့ မိန်းကလေးပဲ'
'ဟာ ..... ကျွန်မကယဉ်ကျေးပါတယ်ရှင်၊ ငယ်ငယ်တုန်းကဆို ယဉ်ကျေးမှုစာမေးပွဲတွေ၊ မင်္ဂလသုတ်စာဖြေပွဲတွေမှာ အမြဲတမ်းဆုရပါတယ်ရှင်၊ မယုံရင်နားထောင်မလား၊ ရွတ်ပြမယ်လေ၊ ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ ယေ .... အကြင် ..... အကြင်သော ....'
'ဘာမှလာပြီး အကြင်တွေ ပေါက်ဖော်တွေ လုပ်မနေနဲ့၊ ကဲ .. ပြော ဘာဖြစ်လို့ ကျွန်မတို့ကျောက်ပျဉ်ကို အတင်းလုပြီး ပြေးရတာလဲ'
Yuriက သူ့ဆံပင်ရှည်တွေကို လက်နဲ့ ထိုးဖွရင်း ......
'ဟို .... ဟိုလေ ... ကျွန်မလည်း ရှင်တို့ လုပ်နေကိုင်နေတာတွေကို နှောင့်ယှက်ချင်လို့မဟုတ်ပါဘူး၊ ဘယ်လိုမှကို ဆက်ပြီး စောင့်မနေနိုင်တော့လို့ပါ'
Seohyunက မျက်လုံးပြူးပြီး ......
'ဟင် .... ရှင်က ကျောက်ပျဉ်ကိုတွေ့တာနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်တော့တာပဲလား၊ အဆန်းသားနော်၊ စိတ်ရောဂါဆရာဝန်နဲ့ မပြကြည့်ဘူးလား'
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .