ESPN ရုပ်သံလိုင်းမှလာနေသော ဘောလုံးပွဲအစီအစဉ်က အရှိန်ကောင်းနေသည်။ ရီးရဲလ်မက်ဒရစ် နှင့် ဗလင်စီယာပွဲ ဖြစ်သည်။
Yuriက ဘောလုံးပွဲထဲမှာ စိတ်ဝင်စားနေသလောက် Jessica ကတော့ ရောင်စုံကွက်ပဟေဠိကုဗတုံးကလေးကိုသာ သဲသဲမဲမဲ တချောက်ချောက်နှင့် ကိုင်တွယ်လှည့်ကစားနေ၏။
သူမ၏မျက်နှာကလည်း စိတ်ရှုပ်ထွေး အလိုမကျသလို မျက်မှောင်နှစ်ဖက်ကို တင်းတင်းစုကျုံ့ထားသည်။
Yuriက လှမ်းမေးလိုက်၏။
'နင် .... ဘာဖြစ်နေတာလဲ'
Jessicaက သူမ၏လက်ထဲမှ ပဟေဠိကုဗတုံးကလေးကို စူးစူးစိုက်စိုက်ကြည့်ရင်း .....
'ငါ့ဦးနှောက်တွေ မကောင်းတော့ဘူး၊ အရင်ကဆို ဒီအဖြေကို လွယ်လွယ်လေးနဲ့လုပ်လို့ရတယ်၊ ဒါပေမဲ့ အခု .... အခု .... နာရီဝက်လောက်ရှိသွားပြီ၊ လုံးဝမရသေးဘူး'
Yuriက ရယ်သံစွက်ကာ ......
'ရမှာပါဟာ .... နင် စိတ်တွေပျံ့လွင့်နေလို့ဖြစ်ပါလိမ့်မယ်၊ လာ ... လာ ... စိတ်အပြောင်းအလဲလေးဖြစ်သွားအောင် ဘောလုံးပွဲလာကြည့်ပါလား'
'ကိုယ်နဲ့မဆိုင်တဲ့လူတွေ အချင်းချင်းယှဉ်ပြိုင်နေတာကို ငါ စိတ်မဝင်စားဘူး၊ လောလောဆယ်တော့ ငါ့လက်က ပဟေဠိကိုပဲ စိတ်ဝင်စားတယ်၊ ဒါကို ငါ မရရအောင် လုပ်ချင်နေတာ'
Jessicaက နှုတ်ခမ်းလေးစူရင်းပြော၏။ Yuriက သူမ၏ အကြောခပ်တင်းတင်းစိတ်ကို သိပြီးသားဖြစ်သောကြောင့် ထပ်မတိုက်တွန်းတော့ဘဲ ဘောလုံးပွဲကိုသာ ဆက်ကြည့်နေဖြစ်၏။
Yuri ကြည့်နေစဉ်မှာပင် ရီးရဲလ်ကွင်းလယ်လူ ဂူတီက ဖြတ်တင်ပေးလိုက်သောဘောလုံးကို စီရော်နယ်ဒိုက မြေမကျဘော ဝိုက်ကန်သွင်းယူလိုက်ရာ .......
'ဂိုး'
Yuriက အားပါးတရထခုန်ပြီး အော်လိုက်သောကြောင့် Jessica ရုတ်တရက်လန့်ဖျပ်ပြီး လက်ထဲမှကုဗတုံးကလေး လွတ်ကျသွားသည်။ သူမက စိတ်တိုတိုဖြင့် ......
'နင်ကလည်း ဘာဖြစ်ရတာလဲ၊ အလန့်တကြားနဲ့ .... '
'ဟ ... ဂိုးသွင်းလိုက်လို့ အားပေးတာလေဟာ၊ သွင်းသွားတဲ့ ပုံစံက အရမ်းမိုက်တယ်၊ လာကြည့် .... လာ စီရော်နယ်ဒို သွင်းသွားတာဟ'
BINABASA MO ANG
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
