Part~11(a)

567 64 0
                                        

'ဟင် ... ဒါဆို ... ကျောက်ပျဉ်နဲ့ဖျာလေးတစ်ချပ်ငှားဖို့ နင် ပိုက်ဆံတော်တော်ကုန်သွားတာပေါ့ ... နှမြောစရာကြီး'

Jessicaက အားနာဟန်ဖြင့် မျက်လုံးကလေးများဝိုင်းသွားသည်။

Yuriက ...

'ငါသုံးစွဲဖို့ကို ငါ့အစ်မက လုံလုံလောက်လောက် ပို့ပေးထားတာပါ၊ ကိစ္စမရှိပါဘူး၊ နောက်တစ်ခေါက် သူထပ်ပို့မှပဲ လက်စွပ်ကို ပြန်ရွေးလိုက်တော့မယ်၊ ဘာပဲပြောပြော စိတ်ချမ်းသာမှုကို ပိုက်ဆံနဲ့ ဝယ်ယူလို့ရတယ်ဆိုတာ တစ်ချက်တည်းနဲ့တင် တော်တော်တန်နေပါပြီ၊ ဒီလိုမှမဟုတ်ရင် ပိုက်ဆံဆိုတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ'

Yuriရဲ့စကားကို Jessicaက လက်ခံချင်ပုံမပေါ်၊ သူမက ခေါင်းကိုခါယမ်းရင်း .....

'ပိုက်ဆံဆိုတာ သုံးဖို့နေရာမှာပဲ အဓိပ္ပာယ်ရှိဖို့ လိုအပ်တာ မဟုတ်ဘူး၊ ပိုက်ဆံကို ရှာတဲ့နေရာမှာလည်း အဓိပ္ပာယ်ရှိဖို့လိုတာပဲ၊ နင် ပိုက်ဆံကို ဘယ်လိုနည်နဲ့ရှာဖူးသလဲ'

သူမ၏အမေးကြောင့် Yuriက ပုခုံးတွန့်ပြီး လက်နှစ်ဖက်စလုံး ခါပြလိုက်ရသည်။

Jessicaက အဓိပ္ပာယ်ရှိစွာပြုံးလိုက်ရင်း ......

'ဒါဆို .... နင့်ပင်ကိုယ်လုပ်အားစိုက်ထုတ်ပြီး အလုပ်လုပ်လို့ရလာတဲ့ပိုက်ဆံနဲ့ ငါ့ကို တစ်ခုခုဝယ်ကျွေးရမယ်၊ ဘယ်လိုလဲ၊ ဒီတောင်းဆိုချက်ကိုတော နင် လုပ်နိုင်ပါ့မလား'

သေပြီ ..... ဒီတစ်ခါတော့ တကယ်ပင်ပန်းပြီဟု Yuri စိတ်ထဲက ညည်းညူလိုက်၏။

▪️

Yuri သတင်းစာကို တစ်စောင်ပြီးတစ်စောင် ဖွသည်။ ကြော်ငြာကဏ္ဍတွေကို လျှောက်ကြည့်ပြီး သူမ တွေ့ချင်သောကြော်ငြာ အမျိုးအစားကို ရှာ၏။

တွေ့တော့တွေ့သည်။ သူမလိုချင်သလို စိတ်ကြိုက်မဟုတ်သည်က များသည်။ သူမရှာနေသည်က အချိန်ပိုင်းအလုပ်အတွက် အလုပ်သမားခေါ်စာ။

ရက်ရှည်လုပ်ရမည့်အလုပ်အမျိုးအစားကလည်း သူမနှင့်မကိုက်။ သူမ လုပ်နိုင်မည်မဟုတ်။ အချိန်ပိုင်းသာလုပ်ရပြီး အလုပ်ချိန်နာရီနှင့်တွက်ကာ ပိုက်ဆံရှင်းပေးမည့်အလုပ်မျိုးမှသာ အဆင်ပြေမည်။

Tomorrow ProgrammeWhere stories live. Discover now