'ဟင် ... နင် .. နင် ... သွေးတွေသံတွေနဲ့ ဘယ်လိုဖြစ်လာတာလဲ'
Jessicaက သူမကိုတွေ့လိုက်သည်နှင့် ထိတ်လန့်တကြား ဆီး၍မေးလိုက်၏။
Yuriက ဒဏ်ရာတွေကြားမှ ပြုံးပြလိုက်သည်။
ပြီးတော့ သူမလက်ထဲမှာပါလာသည့် လွယ်အိတ်ထဲမှ တွဲလောင်းကလေးတွေသီထားသည့် ဆယ်ပြားစေ့များကိုပြရင်း ....
'မတော်တဆထိခိုက်မိတာပါဟာ၊ ဒဏ်ရာတွေက အရေးမကြီးပါဘူး၊ ရော့ ... ဒီမှာ နင် လိုချင်တဲ့ ဆယ်ပြားစေ့၊ တစ်စေ့တည်းတောင်မကဘူး၊ အများကြီးပဲ'
Jessica၏အကြည့်က ဆယ်ပြားစေ့များမှတစ်ဆင့် လွယ်အိတ်ကို သတိထားမိသွားပြီး ....
'ဟင် ... နင် ... နင် ... ဒါကို ဘယ်ကရလာတာလဲ'
'ဘယ်ကရလာတယ်ဆိုတာ အရေးကြီးလို့လား၊ နင်လိုချင်တာကို ရအောင်လုပ်ပေးမယ်ဆိုတဲ့ ငါ့ကတိအတိုင်းဖြစ်ဖို့က အရေးကြီးတာ မဟုတ်လား'
'မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ့ကို အမှန်အတိုင်းပြောပြစမ်းပါ၊ နင် ... ဒီလွယ်အိတ်ကို ဘယ်နည်းနဲ့မှ သွေးရိုးသားရိုးရလာတာ မဖြစ်နိုင်ဘူး၊ နင့်မျက်နှာပေါ်က ဒဏ်ရာတွေကကော ဘယ်လိုရလာတာလဲ၊ ပြောပြစမ်းပါ၊ ငါ့ကိုစိတ်ပူအောင်မလုပ်ပါနဲ့'
Jessicaက နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေသည်။ Yuriက သက်ပြင်းကိုတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆယ်ပြားစေ့ကျပျောက်သွားသည်မှစ၍ မျက်ခုံးတွင်မှဲ့ပါသည့် အဒေါ်ကြီးတစ်ယောက်ဆီမှာတွေ့သော လွယ်အိတ်ကို အတင်းဇွတ်ဝယ်ပြီး ထွက်ပြေးလာသောကြောင့် အထိုးအကြိတ်ခံခဲ့ရပုံများကို ပြောပြလိုက်သည်။
Jessica၏မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး ....
'ဘုရားရေ ... နင် ဒုက္ခရောက်သွားနိုင်တယ်၊ သိရဲ့လား၊ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ၊ ကျိုးကန်းသွားရင် ဘယ်လိုလုပ်မလဲ၊ နင်မစဉ်းစားဘူးလား'
'လူဆိုတာ တစ်ခါတလေ စဉ်းစားခြင်းရဲ့အပြင်ဘက်ထွက်ပြီး လုပ်ရတာတွေရှိတယ် Jessica၊ ဥပမာ ဘယ်လိုကိစ္စမျိုးလဲဆိုတော့ ......'
'နေဦး ... နေဦး၊ နင့်ဒဏ်ရာတွေကို ဆေးအရင်ထည့်ဦးမှဖြစ်မယ်၊ ခဏလေး ... ခဏလေး ....'
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
