Part~22

658 62 5
                                        

Yuriက သူမလက်ဖျန်မှသွေးပြန်ကြောအတွင်းသို့ တစက်စက်စီးဝင်နေသော Drip Pipe ထဲမှအရည်များကို ငေးကြည့်နေသည်။

Fanyက သွေးကြောထဲရှိအပ်ကို အပေါ်မှ ပလာစတာဖြင့်အုပ်ပေးပြီးနောက် ဆေးရည်စက်အနှေးအမြန်ထိန်းသော ဘီးလုံးကလေးကို ရွှေ့ကာ ချိန်ညှိလိုက်သည်။

Yuriက...

'Fanyကို အားနာလိုက်တာ၊ ငါ့ကြောင့် ပင်ပန်းနေပြီ၊ ဘွဲ့လွန်ဖြေဖို့ စာကျက်တွေလည်း ပျက်ကုန်ပြီနဲ့တူတယ်'

'ဒါတွေ ဦးနှောက်ထဲထည့်မထားပါနဲ့ Yulရယ်၊ ကိုယ့်ကိုယ်ကိုယ်သာ နေကောင်းအောင်ဂရုစိုက်ပါ၊ လူ့ဘဝဆိုတာ အသက်ရှင်နေသရွေ့ အမြတ်ပဲမဟုတ်လား၊ ဒီကြားထဲမှာ သွေးကင်ဆာကို ပျောက်အောင်ကုနိုင်တဲ့ ဆေးဝါးအသစ်တွေလည်း ပေါ်ချင်ပေါ်လာမှာပေါ့'

ဆရာဝန်တွေ ပြောတတ်ကြစမြဲစကားမျိုးကိုကြားရတော့ Yuri အားလျော့ဖျော့တော့စွာ ပြုံးလိုက်မိသေးသည်။

'ငါ့ကို မျှော်လင့်ချက်တွေပေးမနေပါနဲ့ Fanyရယ်၊ ငါ ရင်ဆိုင်ရဲပါတယ်၊ ဪ ... ဒါပေမယ့် ငါ့မှာ ဒီရောဂါရှိတယ်ဆိုတာ Sica ကိုတော့ သွားမပြောလိုက်ပါနဲ့နော်'

Yuri၏စကားကြောင့် သွေးပေါင်ချိန်တိုင်းကိရိယာကို ခေါက်သိမ်းနေသည့် Fany၏လက်တွေ တုန်ယင်ရပ်တန့်သွား၏။ နှလုံးသားထဲဆို့တက်လာသည့် ဝမ်းနည်းမှုကိုမျိုချရင်း Fany ခေါင်းညိတ်သည်။ Yuriက ....

'သူ့အတွက်ကျန်နေတဲ့ အချိန်တိုတိုလေးအတွင်းမှာ ငါ့ကြောင့် စိတ်မချမ်းမြေ့စရာတွေကို မခံစားစေချင်ဘူး၊ ငါနဲ့ပတ်သက်လာရင် သူ အမြဲပျော်ရွှင်နေရတယ်ဆိုတာမျိုးပဲ ဖြစ်စေချင်တယ် Fanyရယ်'

'အေးပါဟာ ... အေးပါ'

ကြာကြာနေလျှင် ငိုမိမှာစိုးသောကြောင့် Fany နားကြပ်နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာများကိုယူကာ Yuriအခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။

သူမ၏အခန်းဝနားရောက်တော့ နံရံနားမှာ ကြိုးတန်းကို မမြင်မစမ်းနှင့်ကိုင်ကာလာနေသော Jessicaကို တွေ့လိုက်ရ၏။

'ဟင် ... Sica ... ဘာဖြစ်လို့လဲ ... ဘာလိုချင်လို့လဲဟင်'

'Fany ... Fanyလားဟင်'

Tomorrow ProgrammeDonde viven las historias. Descúbrelo ahora