Chanyeol အိပ်ရာက နိုးလာတဲ့ အခါ သူ့ရင်ခွင်ထဲမှာ Byunလေး မရှိတော့ဘူး
Byunလေးရဲ့ အဝတ်စလေးပဲ ကျန်ခဲ့တယ်
Chanyeol ဝရုန်းသုန်းကားနဲ့ ထကြည့်လိုက်မိတယ်
မနက်ခင်း နေရောင်ခြည်အောက်က ရတနာတို့လှပစွာ စီခြယ်ထားသော မှန်လုံးအိမ်ကြီး အောက်က ရွှေလှောင်အိမ်လေး
ထို့အတူ အနားက ပန်းပင်လေးတွေ
နေရောင် အလင်းတန်း ဖွေးဖွေးလေးတွေ
Byunလေးကိုတော့ သူမတွေ့!!
ရုတ်တရက် သူ့နှာခေါင်းထဲ ဟင်းနံ့လေး တစ်မျိုးတိုးလာတယ်
Chanyeol အနံ့ခံလိုက်မိတယ်
အလွန်မွှေးပျံ့သော အသားနံ့!!
Chanyeol လှောင်အိမ်တံခါးဖွင့်ပြီး Byunလေး အဝတ်စကိုင်ကာ အပြင်ကိုထွက်လာမိတယ်
Suho ဟာ မီးဖိုခန်းထဲမှာ ဟင်းချက်ထားတယ် ထင်တယ်
အငွေ့တစ်ထောင်းထောင်းနဲ့ ဆူညံစွာ အော်မြည်နေသော ရေပွက်သံများ သူကြားရတယ်
ပြီးတော့ သူ မီးပူနေသော ဟင်းအိုးကိုလည်း တွေ့ရတယ်
ဒါပေမယ့် Byunလေးနဲ့ Suho ကိုတော့ မတွေ့
Chanyeol ပြေးပြီး နိုက်စားလိုက်တယ်
အမဲသားပြားကြီး ကြော်ထားတယ်!!
Chanyeol ပါးစပ်ထဲ အကုန်ထည့်လိုက်တယ်
Chanyeol စိန်ပြေနပြေ ဝါးရင်း သူ့ရဲတိုက်ကြီး တစ်ခုလုံးမှာ Byun လေးကို လိုက်ရှာလိုက်တယ်
×××××××
Suho Byunလေးကို ရေချိုးပေးနေတယ်
Chanyeol ရဲ့ ရေချိုးကန်ကြီးထဲမှာ နှစ်ယောက်သား ဆပ်ပြာရေပူတွေနဲ့ ရေစိမ်နေကြတယ်
Byunလေးဟာ ရေကြိုက်တယ် ထင်တယ်
Suho ခေါင်းလျော်ပေးတာကို ငြိမ်ခံနေပြီး ကန်ထဲက ဆပ်ပြာမြုပ်တွေကို ဆော့နေတယ်