Chanyeol ပေတံကိုင်ပြီး ပိုးဖဲစပေါ် တိုင်းလိုက်တယ်.
နှစ်ပေါင်းများစွာ ကိုယ့်ဟာကို အကျီချုပ်လာသော ပညာတွေ ပြသရမည့် အချိန်!!
"inm!"
Byunလေး ခန္ဓာကိုယ်ဟာ သူ့ပေတံ တစ်စိတ်စာတောင် မရှိဘူး
သူ့ အဲ့ဒါကို ဘယ်လိုညှပ်ပြီး ဘယ်လို ချုပ်ရမှာလဲ!!
Chanyeol ပေတံကို အဝေးလွင့်ပစ်လိုက်ပြီး လက်နဲ့ပဲ ဆွဲ ဖြဲလိုက်တယ်
"ဗြီး~~~~~"
Chanyeol တစ်ထည်ပြီး တစ်ထည် ပိတ်စအပိုင်းတွေ ဖြဲပြီး ပုံထားလိုက်တယ်
Chanyeol အကျီစတွေ ပုံပြီး တွဲဆက်ဖို့ အပ်ပေါက်ထိုးလိုက်တယ်
အပ်ကလေးဟာ ချော်ပြီး သူ့လက်ကို ထိုးမိသွားတယ်
"ar!!!!"
Chanyeol ခုန်ဆွ ခုန်ဆွ ဖြစ်သွားမိတယ်
အပ်ထိပ်သေးသေးလေးက သူ့အသည်းကို ခိုက်အောင် နာသွားစေသလိုပဲ
Chanyeol အပ်ပေါက်ထိုးနေတုန်း အနားကို အစိမ်းရာင် ချည်လုံးလေး ရုတ်တရက် လိမ့်လာတယ်
Chanyeol လှမ်းကြည့်လိုက်မိတယ်
Byunလေးဟာ လေးဘက်ထောက်ပြီး ချည်လုံးလေးတွေကို လှိမ့်လှိမ့်ဆော့နေတယ်
သူ အဝေးကို လှမ်းကြည့်လိုက်တော့ Suho က သိုးမွှေးအကျီလေး ထိုးပေးနေတယ်
Chanyeol သဘောကျသွားမိတယ်
သူ အပ်မကိုင်တော့ဘူး!!!
××××××
Chanyeol Suho ထိုးသလို တုတ်နှစ်ချောင်းနဲ့ အကျီတစ်ထည်ရအောင် လုပ်ဖို့ ကြိုးစားလိုက်တယ်
ပွပြဲနေသော ပိတ်စ အပိုင်းအစတွေနဲ့ Chanyeol ရဲ့ သိုးမွှေးချည်လုံးများ
Byunလေးဟာ သူ့အနားမှာ သူဖြဲထားသော ပိတ်စပုံပေါ် တတ်ဆော့နေတယ်
Chanyeol တစ်နေကုန် ဖြဲထားသော ပိုးစတွေဟာ Byunလေးအတွက် တောင်ကြီးလိုပဲ ဖြစ်နေတယ်