မနက်စာ ထမင်းစားကြတော့ စားပွဲဝိုင်းမှာ တွေ့လေပြီSehun နဲ့ Petal အရာရှိ လူကြီးနဲ့---
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး မျက်စောင်းထိုးနေတယ်
ဘယ်အချိန် ဆက်ခနဲ စားပွဲပေါ် ထသတ်ကြမလဲဆိုတာ Suho က ဘေးကနေ တထိတ်ထိတ်နဲ့ ကြည့်နေတယ်
Chanyeol ကတော့ အသားပြားကိုက်ရင်း ပြူးတူး ပြူးတူး ကြည့်နေတယ်
Byunလေးကတော့ သူ့ဘေးမှာ အမဲသားကင်ပေးထားတာကို အဝဆွဲနေတယ်
မော့တောင်မကြည့်----
Sehun ကလည်း အစကတည်းက ခပ်စွာစွာ
စိတ်မထင်ရင် မထင်သလို သူ့ထက်အများကြီး ထွားတဲ့ Chanyeol နဲ့ နှောင်ချိန်နေတတ်ပြီး Yixing ကို တောင် ပြန်ကိုက်တတ်တဲ့ သူမျိုး
ဟိုလူကြီးဆိုသူကလည်း Sehun ကို ဟိုနေ့ကတည်းက လုပ်ချင်နေတဲ့ ရုပ်
အကောင်သေးသလောက် ဒေါသ က အချိန်တိုင်း မိုးပေါ်ထောင်နေသောသူ
Sehun ဟာ အစား စာနေတာတောင် Han လေးကို ပေါင်ပေါ်တင်ထားတယ်
အားလုံးနဲ့ ကပ်မစားဘဲ Sehun ခပ်ဝေးဝေးမှာ ထိုင်စားနေတယ်
အခုဆို သူ့ဘေးနားမှာ ရန်သူတော်လေးတွေက အရင်လို နည်းနည်းလေး မဟုတ်တော့ပေ
Monster Park ရဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သူ့တစ်အိမ်တည်း ထူးထူးခြားခြား Petal ငါးကောင် ဖြစ်နေတယ်
Suho က ကြီးသွားလို့--
သူလည်း Petal ပဲ---Suho နဲ့ဆို Chanyeol အိမ်တော်ကြီးက Petal ခြောက်ကောင် Monster ငါးကောင်
ပုံမှန် တစ်ကောင်တည်းပဲ လွတ်လွတ်လပ်လပ် ကျက်စားတတ်တဲ့ Monster တွေ!!
ငါးကောင်လုံး ကလေးတွေနဲ့ တစ်အိမ်တည်း စုနေဖို့ဆိုတာ နည်းတဲ့ နေထိုင်မှု ပုံစံလားး