Yixing Piano ခုံကို ပိတ်လိုက်တယ်Chanyeol ရဲ့ အညိုရောင် Piano ကြီးနှင့်အတူ အခန်းကြည့် နံရံမှာ ချိတ်ထားသော ကျွန်းသား ဂီတာ အရွယ်ဆုံးလေးတွေဟာ ပြောင်ပြောင်လက်လက်နှင့် လှပနေတယ်
ရတနာတွေနဲ့ အလှဆင်ထားသော ဂီတခန်းမကြီးဟာ ကျောက်မြတ်တွေနဲ့အတူ ရွှေရောင်တောက်ပနေတယ်
Yixing ထိုင်ခုံက ထလိုက်ရင်း မနက်စာအတွက် အောက်ပြန်ဆင်းလာတယ်
Yixing ထမင်းစားခန်းထဲ ဝင်တာနဲ့ အဝေးက ငိုသံကြားရတယ်
တစ်နေ့ တစ်နေ့ အချိန်တိုင်း Byunလေးကြောင့် ဆူဆူ ညံနေသော Chanyeol ရဲ့ အိမ်တော် ရဲတိုက်ကြီး
Byunလေးဟာ သူလုပ်ချင်တာ မလုပ်ရရင် အိမ်တော်ကြီး တစ်ခုလုံး ပွင့်ထွက်လောက်အောင် အော်ငိုနိုင်စွမ်းရှိတယ်
Chanyeol က သည်းသည်းလှုပ်တော့ သူလေးက ဘယ်သူမှ မကြောက်ဘူး
အိမ်မှာ အသေးဆုံးနဲ့ အကြီးတွေကို ဗိုလ်လေးလုပ်နေတယ်
ထုံးစံအတိုင်း ထမင်းစားခန်းလေးဟာ စောစောစီးစီး ကြွပ်ကြွပ်ညံနေတယ်
နောက်ကျတော့ Suho က Hanလေး ပါးစပ်ထဲကို သကြားလုံးလို အရသာရှိတဲ့ ဝါးမကုန်တဲ့ ခပ်ပျော့ပျော့ အရာလေး ထည့်ပေးထားတယ်
အရသာလေးက ချိုတော့ Hanလေးဟာ သဘောကျစွာ တစ်မြုံ့မြုံ့ ဝါးနေတယ်
ဆူညံနေသော လောင်ချာဗုန်းလေး ပြန်ပြီးငြိမ်သွားတယ်
ထိုအချိန်က စပြီး Byunလေးဟာ Han နဲ့တည့်နေတတ်တယ်
သူ့မှာရှိတာတွေလည်း မျှပေးပြီး အတူဆော့တတ်လာတယ်
Chanyeol က Hanလေး ချစ်လို့ ချီရင် အော်ငိုတတ်တာလေးကတော့ ဖျောက်မရတဲ့ အကျင့်ဆိုးလေးပါ
Byunလေးဟာ Hanလေးရဲ့ မျက်လုံးလေးတွေ နှုတ်ခမ်းလေးတွေ မျက်တောင်လေးတွေကို အချိန်တိုင်း ကြည့်နေတတ်တယ်