ညရောက်သောအခါ
"Byunလေး ဝမ်းနည်းနေတာလား"
Chanyeol ကလေးကို သူ့ဗိုက်လေးပေါ်တင်ပြီး ခြေထောက်ကလေး လှုပ်လှုပ် လှုပ်နဲ့ ပုခက်စီးနေတယ်
"Byunလေး ပျင်းနေတာလား"
"arr---"
ကောင်းကင်က ချိတ်ဆွဲထားသော ပိုက် ပုခက်ပေါ် ပက်လက်လှန်ရင်းး Byunလေးကို ချော့သိပ်နေသော Park Chanyeol
စိုစွတ်နေသော မျက်ရည်စက်လေးတွေကြောင့် ပန်းရောင်လေး သန်းနေသော Byunလေးရဲ့ မျက်ခမ်းစပ်ကလေးတွေ ပင်ပန်းနေရှာပြီ ထင်ပ
Byunလေးဟာ သူ့ဗိုက်ကလေးပေါ် မှောက်အိပ်ရင်း မျက်လုံးလေးတွေ မှေးလာတယ်
Chanyeol Byunလေးနဲ့ စီးဖို့ ယက်ထားသော ပိုက် ပုခက်ကြီးကတော့ ကောင်းကင်ကနေ ကျလာပြီး တအိအိ လွှဲခါနေတယ်
သူ နဲ့ Byunလေးကို ရင်ခွင်ထဲမှာ ပိုက်ပြီးးး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်
"Byunလေး ပျင်းရင် Park Chan ပျော်အောင်လုပ်ပေးမှာပေါ့~~~~"
"Park Chan ပျော်စရာကောင်းတဲ့ နေရာတွေ Byunလေးကို လိုက်ပြပေးမယ်"
"မနက်ကျရင် Yixing Hyung ရဲ့ အိမ်သွားလည်ရအောင်"
"Byunလေး Suho Hyung ကို လွမ်းတယ်မလား--
Chanyeol ရုတ်တရက် Byunလေးရဲ့ ပြန်ဖြေသံလေး မလာတော့လို့ ငုံ့ကြည့်လိုက်မိတယ်
Byunလေးဟာ သူ့ဗိုက်ပေါ်မှာ မှောက်ခံလေး အိပ်ပျော်နေတယ်
Chanyeol ငြိမ်သက်နေသော Byunလေးကို ရင်ခွင်ထဲမှာ ပိုက်လိုက်ရင်း သီချင်းလေး ညည်းလိုက်တယ်
ညနက်နက်မှာ လွင့်ဝဲလာသော Monster ကြီး၏ Petal လေး အတွက် သီချင်းဆိုသံ---
××××××
Chanyeol အိပ်ပျော်နေသော Byunလေးကို လှောင်အိမ်လေးထဲ ထည့်လိုက်တယ်
ရွှေလှောင်လေးဟာ အခုတော့ လူချောင်နေပြီပေါ့
အဖြူရောင် ငှက်မွှေးတွေကြားထဲမှာ ပျော့ပြောင်းစွာ တစ်ယောက်တည်း အိပ်မောကျနေသော Byun လေးးကို မြင်ရတာဟာ အထီးကျန်စရာတော့ကောင်းတယ်
![](https://img.wattpad.com/cover/139615605-288-k174195.jpg)