Byunလေး ငိုနေပေမယ့် Suho က သူ့ကို ကျားရေနဲ့ အပြင်မှာ မအိပ်ခိုင်းဘူး
အရမ်းအေးတဲ့ ဆောင်းရာသီမို့ ငှက်မွှေးနဲ့ပဲ အိပ်ရတယ်
ညဘက် အိပ်ခါနီး Suho ရောက်လာကာ Byunလေးရော Hanလေးရော နှစ်ယောက်လုံး လှောင်အိမ်ထဲ ထည့်ပိတ်ထားလိုက်တယ်
ကျားရေနဲ့ မအိပ်ရလို့ Chanyeol ကို ဂျီတိုက်နေပြီး ငိုနေတာကြောင့် Suho က Chanyeol ကို အပြင်ထုတ်လိုက်တယ်
အိပ်ချင်နေတာကို မအိပ်ဘဲ Chanyeol ကို နည်းနည်းလောက် ဗိုလ်ကျလိုက်ရမှ ကျေနပ်!!
Byunလေးဟာ အခုတစ်လော Chanyeol ကို ပိုပြီး ဂျီကျတတ်လာပြီ
Suho လိုက်ကာတွေ လိုက်ပိတ်ရင်း ပြုံးလိုက်မိတယ်
သူလေး ရောက်ခါစကထက် ပိုပြီး အရွယ်ရောက်လာပြီဆိုတဲ့ သဘောပေါ့
Byunလေးဟာ သူလိုချင်တာ ရှိရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အကုန်သိနေပြီ
ဘယ်သူ့ကို ကပ်ရမလဲဆိုတာလည်း သူလေးနားလည်နေပြီ
Chanyeol ကို Petal ထိန်းခိုင်းလို့ Hanလေးကို အနိုင်လိုက်ကျင့်နေသော Byunလေး
ပြီးတော့ သူက အရင် ဦးအောင် Chanyeol ကို ငိုပြတယ်
အသားစိမ်းလေးတွေလည်း နည်းနည်းစီ စားလာသလို သွေးတွေလည်း သောက်တတ်လာပြီ
ဒါပေမယ့် နို့နဲ့တော့ ရောတိုက်နေရဆဲပင်~~~
အသားစိမ်းတွေကို Byunလေးရဲ့ သွားလေးတွေက မဝါးနိုင်တဲ့အခါ Chanyeol က သူ့ပါးစပ်ကြီးနဲ့ အရင် ဝါးပြီးမှ Byunလေး ပါးစပ်ထဲ ထည့်ပေးတယ်
အဲ့ကျရင် Suho က သူ့ဂုတ်ပိုးကို ဖြတ်ရိုက်တယ်!!
×××××
ဆူညံနေသောညလေး ကုန်ဆုံးပြီးး မနက်ရောက်လာတဲ့ အခါ Hanလေးနဲ့ Byunလေး ဟာ လှောင်အိမ်ထဲမှာ အတူတူ ငှက်မွှေးအသစ်လေးတွေနဲ့ ဇိမ်ကျနေတယ်