Chanyeol ငှက်တွေ ဖမ်းပြီး အိမ်ပြန်ရောက်လာတယ်
"Byunလေး---""
Chanyeol ကြည့်လိုက်တဲ့ အခါ Byunလေးကို ထည့်ထားတဲ့ လှောင်အိမ်ဟာ အလုံးလိုက်ပျောက်သွားတယ်
"On!"
Chanyeol တုန်လှုပ်သွားမိတယ်
Chanyeol ငှက်တွေ ပစ်ချပြီး ပြေးရှာလိုက်မိတယ်
Byunလေး ဘယ်ရောက်သွားတာလဲ!!!!သူ့ရွှေလှောင်အိမ်ကြီး မရှိတော့ဘူး
Byunလေး~~~
Byunလေး~~~
သူမရှိတုန်း တခြား Monster တစ်ကောင်လာပြီး ယူသွားတာလား!!
ကလေး အသားနုနုလေးကို~~~
သူ ခဏတာ အပြင်ထွက်သွားချိန်လေး အတွင်းမှာ~~~လုံးဝ ပျောက်ကွယ်သွားသော သူ့ရဲ့ Byun လေး
Chanyeol မျက်ရည်တို့ ဝဲလာမိတယ်
Chanyeol ဝုန်းဒိုင်းကြဲကာ ရဲတိုက်တစ်ခုလုံး ပြဲ ပြဲစင်အောင် ခြေစ လက်စ လိုက်ရှာလိုက်မိတယ်
Petal ပျောက်သွားလို့ ကမ္ဘာပျက်သလို ရဲတိုက်ထဲ သောင်းကျန်းနေသော Monster ကြီး----
သူ့ ဥစ္စာ ကို ခိုးရဲတယ်~~~~
မိလို့ရတော့ သူ တစ်စစီ ဆွဲဖြဲပစ်မယ်အရိုးတွေ အသားတွေပါ မကျန်အောင် ကိုင်ရိုက်ပစ်မယ်!!
ဒေါသ အချောင်းချောင်းနဲ့ အနံ့ခံရင်း ပြူးပြဲပြီး သဲလွန်စ လိုက်ရှာနေသော Monster ကြီး!!
ဘယ်သူလဲ
ဘယ်သူလဲ
ငါ့ လှောင်အိမ်ကို ခိုးသွားတာ ဘယ်သူလဲ---
နီရဲနေသော မျက်ဝန်းတို့နှင့်အတူ ရဲတိုက်ထဲက Petal ထားတဲ့ အခန်းထဲမှာ Chanyeol ဝုန်းဒိုင်းကြဲနေတယ်
××××××
Byunလေးရဲ့ လှောင်အိမ်လေးဟာ Suho အိမ်က ပန်းတောထဲမှာ ရောက်နေတယ်
Sehun လှောင်အိမ် သံတိုင်တွေကို ကွေးပြီး Byunလေးကို အပြင်ထုတ်လိုက်တယ်