"Sehun"
Sehun လှည့်ကြည့်လိုက်တယ်
Chanyeol က သူ့ကို ရဲတိုက်ထဲကနေ လှမ်းခေါ်နေတယ်
Sehun မတ်တပ်ရပ်ပြီး ကြည့်လိုက်တယ်
ချိုလွင်သော အပြုံးတစ်ခုနဲ့ Chanyeol သူ့ကို လှမ်းခေါ်နေခြင်းက----- ဒါဟာ မသမာမှု တစ်ခု!!
Sehun မျက်မှောင်လေး ကုတ်ပြီး အဝေးကို တစ်ချက် ကြည့်လိုက်တယ်
သူဘာမှ မတွေ့ပေ
Petal သုံးကောင်သာ ရဲတိုက်ထဲက ဆော့ဖို့ ပြေးထွက်လာတာ သူတွေ့လိုက်တယ်
"Hyung!!"
"Hanလေးကို ခဏကြည့်ပေး""imm"
Sehun စာဖတ်နေသော KyungSoo ကို လှည့်အော်ပြီး အိမ်ထဲဝင်သွားတယ်
KyungSoo Sehun ကို တစ်ချက် လှည့်ကြည့်ရင်း ပြုံးလိုက်တယ်
Sehun ရဲတိုက် အဝ ဝင်တာနဲ့ အနောက်ကနေ ဖက်ခနဲ့ ခန္ဓာကိုယ်ပေါ် ခုန်ဆင်းလာသော အရာတစ်ခု
"arr-- မိပြီ"
Sehun အော်ပြီး ရုန်းလိုက်မိတယ်
"arrrrrrr!!!"
Kris Sehun ကို အားနဲ့ ဖက်ပြီး ချုပ်ထားလိုက်တယ်
Kris Sehun ကို ပခုံးပေါ် တင်ပြီး Chanyeol နဲ့ အိမ်ထဲကို ပြေးဝင်သွားတယ်
×××××
Monster တွေ အမုန်းဆုံးက ဘာလဲ??
အနံ့စူးစူး အရွက်တွေ ဖြစ်လိမ့်မယ် ထင်တယ်စိမ်းရွှေရွှေ အနံ့နဲ့ မုန်းစရာ အရွက်စိမ်းတွေ ထည့်ကြိတ်ပြီး အရည်ကျိုထားသော ခါးခါးတူးတူး ဆေးရွက်တွေနဲ့---
နံနံစော်စော် ဆေးမြစ်တွေ---
သိပ်မုန်းဖို့ကောင်းတာ--
တစ်ချို့ အားအင်ငယ်သော ရွှေအိုရောင် Petal- Monster လေးတွေဟာ Monster အကောင်ကြီးတွေကို ဆေးတိုက်ဖို့ မကြိုးစားရဲဘူး
အခုလိုပေါ့----
"ငြိမ်ငြိမ်နေ!!!"
"arrrrr!!"