မနက် မိုးလင်းတော့ Chanyeol ရဲ့ တံတောင်လောက်ရှိသော ပန်းပင်လေးတွေဟာ အပွင့်တွေ ပွင့်နေတယ်
ညဘက် စိုက်ထားတာမို့ ပန်းပင်လေးတွေဟာ အရောင်မညီ
ပထမဆုံး နှင်းရည် ထိတာနဲ့ ခြံကြီးထဲမှာ ပြန့်ကျဲစွာ ရောင်စုံ ပွင့်နေတယ်
Byunလေးဟာ Chanyeol ထိုးပေးထားသော ပန်းရောင် သိုးမွှေးဝတ်ရုံလေးနဲ့ ပန်းတောထဲမှာ ငုတ်တုတ်လေး ထိုင်ပြီး နေပူဆာ လှုံနေတယ်
ပန်းပွင့်တွေကြောင့် ရောက်လာသော လိပ်ပြာလေးတွေကို သူသဘောကျနေပုံပင်
Byunလေးဟာ ပန်းတောထဲမှာ လိပ်ပြာလေးတွေကို လက်နဲ့ လိုက်ဖမ်းနေတယ်
ပန်းတောထဲက ပန်းပွင့်လေးလိုပင် Byunလေးဟာ လိပ်ပြာလေးတွေ ပျံသန်းရာနောက်ကို လိုက်ပြီး ပြေးနေတယ်
Chanyeol အပေါ်ကနေ ငုတ်တုတ်လေး ထိုင်ကြည့်နေတယ်
Byunလေးဟာ သူချုပ်ပေးထားသော ပန်းနုရောင် ဝတ်ရုံလေးကိုခြုံပြီး သူစိုက်ပေးထားသော ပန်းတောလေးထဲမှာ လှပစွာ ပျော်မြူးနေတယ်
နေရောင်အောက်က သူ့ရဲ့ လောကငယ်လေးဟာ မနက်ခင်းအစမှာတင် ကြည်လင်ဝင်းပနေမိတယ်
Byunလေး ဆော့နေတာကို သွားမနှောင့်ယှက်ဘဲ Chanyeol တိတ်ဆိတ်စွာ ထိုင်ကြည့်နေမိတယ်
Sehun ကိုတော့ Suho မရှိတုန်း သူ လှောင်အိမ်ထဲ ထည့်ပိတ်ထားတယ်
"arrrrrrrrrrr"
"အပြင်ထွက်မယ်!!!!!"အပြင်ထွက်ချင်လို့ လှောင်အိမ်ထဲမှာ ဆူညံစွာ အော်ဟစ်နေသော Oh Sehun~~~
××××××
Yixing Suho ကို လှမ်းကြည့်လိုက်မိတယ်
Suho Sehun ကို လှောင်အိမ်ထဲက ထုတ်ပေးပြီး Byunလေးနဲ့ ပန်းခင်းထဲမှာ ဆော့နေတာကို ငုတ်တုတ်လေး ထိုင် လှမ်းကြည့်နေတယ်