အေးစက်စက် ထိတွေ့လာသော သူ့မျက်နှာပေါ်က နှင်းစက်လေးတွေ
ဖြူဖြူဥဥ မျက်နှာလေးပေါ် နမ်းရှိုက်သွားသော ဆောင်းလေ
မြင်းကိုယ်စီနဲ့ အိမ်ပြန်လာပြီ ဖြစ်သော လူတစ်စု
"Hyung"
KyungSoo မျက်ဝန်းတို့ကို မှိတ်ထားရာမှ Yixing သံကြောင့် ဖွင့်ကြည့်လိုက်တယ်
"Hyung ကို စာချွန်လိပ်ပေးလိုက်တယ်"
KyungSoo ကြည့်ပြီး ငြိမ်နေတယ်
အပြာရောင် ကောင်းကင်ရယ် ပန်းနုရောင် ဆာကူရာရယ် နှင်းစက်တွေရယ် --
နူးညံသော အရာတွေ ပေါင်းစပ်ထားသလို လှပသော နွေးထွေးမှုတို့ ပြည့်နေသည့် စာလိပ်လေးး
ပုလဲပြာနဲ့ လှပသော ဖန်သားတို့ ကာရံထားသော စာဘူးးလေးဟာ မနက်ခင်းရဲ့ ရောင်ခြည်အောက်မှာ ညင်သာစွာ ဝင်းပနေရှာ
"ဖတ်လိုက်ပါဦးး Hyung"
"သူ မျှော်နေတယ်""ya!! ငါ့ကို ပေးးထား"
Chen KyungSoo မျက်နှာလေးကို ကြည့်ကာ အခြေအနေမကောင်းလို့ ဆက်ခနဲ လှမ်းယူလိုက်တယ်
ပြီးတော့ သူအကျီအိတ်ထဲ ထည့်ထားလိုက်တယ်
"ငါ သိမ်းထားပေးမယ်"
KyungSoo မျက်နှာဟာ မှိုင်နေသည် ဆိုတာထက် နာကျင်စရာလေး တစ်ခုကို မသိမသာ သိမ်းဆည်းထားသူလို ဖြစ်နေတယ်
စကားသိပ်ပြီး မပြောတာကြောင့် Yixing နဲ့ Chen ငြိမ်နေကြတယ်
Kris အိပ်ပျော်နေသော Hanလေးကို ကြည့်ရင်း ပြောလိုက်တယ်
"Hanလေးက နေရာမရွေးဘူးနော်~~
"ဘယ်လိုနေရာဖြစ်ဖြစ် အေးနေလည်း အိပ်တတ်တယ်Kris လှည့်ပြုံးပြလိုက်တယ်
"Suho Hyung လိုပဲ
Kris စကားကြောင့် Suho လှည့်ကြည့်လိုက်တယ်
Chanyeol လက်ထဲကနေ Kris ရဲ့ ရင်ခွင်ထဲ ရောက်လာသည့်အထိ မနိုးတမ်း အိပ်နေရှာသော Hanလေးး
![](https://img.wattpad.com/cover/139615605-288-k174195.jpg)