Sehun အိပ်ချင်မူးတူးနဲ့ အိပ်ရာထလာတယ်
ညနေစာ မစားထားလို့ ဂြီဂြီ ဂြီဂြီ မြည်နေသော သူဗိုက်!!
"ဗိုက်ဆာလိုက်တာ!!"
Sehun ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်
အရာရာဟာ မီးလင်းဖိုက လွဲရင် အကုန် အမှောင်ကျတစ်လောကလုံးမှာ သူတစ်ယောက်တည်း---
Sehun ဒီည သူ့အခန်းထဲ သူပြန်မအိပ်ဘူးHanလေး ဖျားနေတာကို စိတ်မချလို့ Petal တွေထားတဲ့ မှန်လုံအိမ်ထဲမှာ အိပ်နေတယ်
ကောင်းကင်က ကြယ်တွေနဲ့ လကိုတောင် ဖောက်ထွင်းပြီး သူမြင်နေရတယ်
Sehun မျက်လုံးလေး ပွတ်ပြီး လှောင်အိမ် အနားကပ်လာတယ်
နောက်တော့ လှောင်အိမ်ကို ကာထားတဲ့ လိုက်ကာစကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်တယ်
အထဲမှာ Petalလေးတွေ တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီး အိပ်နေကြတယ်
ညဝတ်အကျီ အဖြူလေးတွေနဲ့ ဆောင်းပင်လယ် ငှက်မွှေးတွေကြားမှာ အိပ်မောကျကျ----
Sehun Kai လေးကို ကြည့်လိုက်မိတယ်
လှောင်အိမ်ထဲ အထိ သူ့ လက်စွဲတော် သစ်သားတုတ်လေးကို အနားမှာ ထား ထားတယ်
Hanလေးကို ရင်ခွင်ထဲမှာ ဖက်အိပ်နေတယ်
Sehun မျက်စောင်းလေး ထိုးလိုက်မိတယ်
ကလေးစုတ်---
Hanလေးက Xiuxiu နဲ့ Kai ကြားထဲမှာ ငြိမ်ပြီး အိပ်နေတယ်
ဒါပေမယ့် Petal က အရင်လို ငါးကောင် မဟုတ်တော့ဘူး လေးကောင်ပဲ ရှိတော့တယ်---
Taoလေးက Xiuxiu ဘေးမှာ ကပ်အိပ်နေတယ်
Byunလေး ပျောက်နေတယ်Sehun ခဏတာ ငြိမ်နေမိရင်း နောက်တော့ လိုက်ကာလေး ပြန်ပိတ်လိုက်တယ်
×××××
Byunလေးကို Chanyeol က အပြင်ထုတ်ပြီး ကုတင်ပေါ် တင်သိပ်ထားတယ်