ဆောင်းဟာ အေးသထက် အေးလာပြီXiuxiu လေး ရောက်လာသည့်အတွက် နှင်းတွေ အချိန်အတော်ကြာ ကျနေဦးမှာ သေချာတယ်
Suho ကုတင်လေးဘေးမှာ ထိုင်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေတယ်
မှန်နံရံ အပြင်က နှင်းဖြူဖြူတွေကြား ပြေးလွှားနေသော Kris နဲ့ Tao
သူတို့နှစ်ယောက်ဟာ တော်တော်လည်း ဆော့နိုင်သူတွေဆိုတာထက် Kris ဟာ သူ့ကလေးနဲ့ ပိုပြီး လိုက်လျောနိုင်တယ်
ပင်ကိုစိတ်က ဒီလို ကြွရွပြီး ပျော်ပျော်ပါးပါး နေထိုင်တတ်တဲ့ပုံ
အခုလည်း နှင်းတောထဲမှာ မြင်းစီးလိုက် လျှောက်ပြေးလိုက် ဗိုက်ဆာရင် အထဲ ပြန်လာလိုက်
Suho Yixing ကို လှည့်ကြည့်လိုက်တယ်
Yixing ဟာ သူ့ဘေးက မွေ့ရာကြီးပေါ်မှာ အိပ်နေတယ်
"ငါတို့ရော~~ ဒီလိုမျိုး ဆော့ခဲ့ဖူးတာလား"
Suho အိပ်ပျော်နေသော သူ့ကို ပိုင်ဆိုင်ပါသည် ဆိုသည့် Monster ကို ကြည့်နေမိတယ်
ပြေပြစ်သော မျက်နှာပြင်နှင့် သန်မာသော လက်ချောင်းတွေ သူမှာရှိတယ်
လျင်မြန်လွန်းသော ခြေထောက်တွေနဲ့ မျက်ခုံးထူထူတွေလည်း ရှိပြီး သူ့ရဲ့ အသားအရေဟာ တောက်ပနေတယ်
Monster တွေဟာ အချိန်ကြာလာတာနဲ့ အမျှ ရင့်ကျက်တာလည်း မြန်လာသလို ထပ်တူကျစွာ နူးညံ့တဲ့ အသွင်ကို ပြောင်းလဲလာတယ်
Petal မွေးခြင်းဖြင့် ကြမ်းကြုတ်သော နေထိုင်မှုကို လျော့ချခြင်းက ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတတ်လာစေတယ်
ပုံမှန်အားဖြင့် သူတို့ လက်ဖဝါးပြင်ကို ကိုင်ကြည့်ရင် သိနိုင်တယ်
သက်တမ်းငယ်တဲ့ သူတွေဟာ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း လက်ဖဝါးပြင်ကို ပိုင်ဆိုင်ကြတယ်
![](https://img.wattpad.com/cover/139615605-288-k174195.jpg)