Sehun Luhan ကို ငိုအောင်လုပ်လို့ အဆူခံထားရတာကြောင့် ငြိမ်နေတယ်
Chanyeol Luhanလေးကို ချီလိုက်တော့ Luhanလေးဟာ ပါးစပ်ထဲက သွားလေးတွေ ပေါ်တဲ့အထိ ရီပြတယ်
"Luhan~~~~"
ထူးထူးခြားခြား မျက်လုံးလှလှလေးတွေပါသော Luhan ဟာ အရမ်းလည်း မငိုဘဲ လိမ္မာသော Petal လေးပင်
အရည်ကြည်လေးတွေ လဲ့နေသော မျက်ဝန်းငယ်လေးတွေနဲ့ သူနဲ့ အဖော်လုပ်ပေးမယ့် သူ့ကို စောင့်နေလေ့ရှိတယ်
Byunလေးတုန်းက ခဏ ခဏ အော်ငိုနေသလောက် Luhan လေးက ငြိမ်နေလေ့ရှိတယ်
အရမ်းလည်း မဆော့ဘဲ ထားတဲ့နေရာမှာ ထားသလိုသာ ငြိမ်သက်စွာ ထိုင်ပြီး လူလာမှာကို စောင့်နေတတ်တယ်
အဖော်မင်တတ်သော ကလေးလေးပင်
Luhan ဟာ လူမရွေးဘဲ သူ့ကို မြူပေးရင် ပျော်နေတတ်တယ်
အိမ်ရဲ့ ဆည်းလည်းလေးဆိုတာ ဒါမျိုးလေး~~~
Chanyeol Luhan လေးကို မြူနေတာ မြင်တော့ Byunလေး လှေကားပေါ်က ဆင်းလာတယ်
လက်ရန်း တုတ်တန်းလေးကို ကိုင်ပြီး ဖြည်းညင်းစွာ တစ်ထစ်ချင်း Byunလေး ဆင်းလာတယ်
Chanyeol Luhanလေးကို ချီပြီး ထိုင်နေရင်း လှမ်းကြည့်လိုက်မိတယ်
Byunလေးဟာ သူ့အနားရောက်လာတယ်
ပြီးတော့ Luhan အကျီစလေးကို အတင်းဆွဲနေတယ်
"inn ~~~inn
"Byunလေး အဲ့လို မလုပ်ရဘူး"
Chanyeol လှမ်းပြောလိုက်မိတယ်
"Arr~~~ Arrrr!!"
သူ့ကို မချီဘဲ Luhan ကို ချီလို့ အတင်း ခုန်ပေါက်နေသော Byunလေး
"arrrrrrrrr~~~
"Byunလေး~~~~~
Luhan အကျီလေးကို လက်ကလေးနဲ့ အတင်းဆွဲထုတ်နေသော ငByun
"arrrrrrrrrrrr!!"
Luhan ဟာ သူ့ကို ကြောက်လို့ Chanyeol လည်ပင်းလေးကို အတင်းဖက်ထားတယ်