Sehun အဖြူရောင် ဝတ်ရုံလေးနဲ့ နှင်းတောထဲတိုးကာ ပုန်းလိုက်တယ်
အဝေးမှာ Byunလေးကို ချီပြီး နှင်းတွေနဲ့ ပျော်နေသော Monster ကြီး
နှင်းတွေကို လုံးကာ Chanyeol ကို လှမ်းပစ်လိုက်တယ်
ဖောင်း ဆို ကွဲကြေသွားသော နှင်းခဲ----
Sehun အသာလေး နှင်းတွေကြားထဲ ပြားပြားဝပ်လိုက်တယ်
Chanyeol ကလေးချီပြီး ဟိုကြည့် ဒီကြည့် လုပ်နေတယ်
Chanyeol ဘယ်သူမှ မတွေ့လို့ ပက်လက်ပြန်လှန်ပြီး Byunလေးကို ပြန်မြူလိုက်တယ်
Byunလေးက သူ့ဗိုက်ပေါ်မှာ ခြေကားယားလေး လက်ကားယားလေး ထိုင်နေတယ်
အနွေးထည် နီနီနဲ့ ယုန်နားရွက်လေးပါသော သိုးမွှေး ခေါင်းစွပ်လေးဆောင်းကာ နှင်းတွေကို အားရပါးရ ကိုင်ပြီး Chanyeol ရင်ဘက်ပေါ် တင်နေတယ်
ဘေးမှာလည်း မုန်လာဥနီ နှာခေါင်းနဲ့ Chanyeol နှင်းတွေ တူးပြီး လုပ်ပေးထားသော နှင်းလူရုပ်ကြီး---
Chanyeol ကလေးနဲ့ နှင်းတောထဲ ပျော်နေတုန်း
ရုတ်တရက် မျက်နှာပေါ် ပြုတ်ကျလာသော နှင်းလုံးကြီး!!!"ဖုန်းးးး!!!"
Chanyeol အူးယား ဖားယား ထထိုင်လိုက်မိတယ်
Chanyeol ကောင်းကင်ပေါ် ကြည့်လိုက်မိတယ်
ကြည်လင်ဝင်းပသော မိုးကောင်ကင်ပြာကြီး!!
နှင်းက ဘာလို့ သူ့မျက်နှာ တည့်တည့်မှာပဲ ကျနေတာလဲ--
Chanyeol ကလေးချီပြီး နေရာရွေ့လိုက်တယ်
ပြီးတော့ ပက်လက်လေး ပြန်လှန်ပြီး Byunလေးကို သူ့ ဗိုက်ပေါ်တင်ထား လိုက်တယ်
Byunလေးဟာ သူ့ဗိုက်ပေါ်မှာ ကားယားလေး ပြန်မှောက်ပြီး အေးစက်နေသော နှင်းတွေကို လှမ်းကိုင်နေတယ်
ကိတ်မုန်တုံးလေးပေါ်က အနီရောင် စတော်ဘယ်ရီသီးလေးလိုပင်~~ Byunလေးဟာ နှင်းလေးနဲ့ ချစ်ဖို့ကောင်းနေတယ်