Chanyeol အိပ်ယာဘေး ထိုင်ကာ Byunလေးကို ကြည့်နေမိတယ်
ဖြူစင်သော မျက်နှာလေးနှင့် ဖြူစင်သော လက်ချောင်းလေးတွေ
Chanyeol Byunလေး လက်ကလေးတွေကို စောင်အောက်ကနေ ဆွဲယူပြီး ကိုင်ကြည့်လိုက်မိတယ်
သူ့လက်ဖဝါးကြီးပေါ်က ချစ်စရာကောင်းသော လက်သေးသေးလေးတွေဟာ အရင်က သူဆုပ်ကိုင်လိုက်ချိန်မှာ သူလက်ထဲမှာ ပျောက်ကွယ်သွားတယ်
Monsterကြီးရဲ့ လက်ဖဝါးကြီးထဲ နစ်ဝင်သွားသော လက်နုနုလေးနှစ်ဖက်ဟာ အခုဆို အရင်လို ပိစိလေးမဟုတ်တော့ဘူး
လုံလုံလောက်လောက် ဆုပ်ကိုင်လို့ရပြီ ဖြစ်သော ဖော့ဖယောင်းလို လက်ကလေး ဖြစ်နေပြီ
Chanyeol Byunလေးရဲ့ လက်ကလေးကို ကိုင်ကြည့်နေတုန်း Byunလေးဟာ နိုးလာတယ်
Chanyeol Byunလေးကို ကြည့်လိုက်မိတော့ Byunလေးဟာ သူ့ကို အိပ်ယာထဲကနေ လှမ်းကြည့်နေတယ်
Chanyeol ကိုင်ထားသော သူ့လက်ကလေးကို ဆန့်ပြီး မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်နေတယ်
Monster Park ၏ အိပ်ယာ အကြီးကြီးပေါ်က လူသေးသေးလေး
Byunလေးဟာ Chanyeol လက်ချောင်းတွေကို သဘောကျစွာ ကိုင်ကြည့်နေတယ်
သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ Chanyeol လက်ကို ကစားစရာ တစ်ခုလို အိပ်ယာပေါ်ကနေ ပြန်ပြီး ဆုပ်နယ်နေတယ်
Chanyeol Byunလေး မျက်နှာငယ်လေးကို ကြည့်နေမိတယ်
သူ့လက်ကလေးကို Chanyeol လက်လေးနဲ့ တိုင်းကြည့်လိုက်--
Chanyeol လက်ချောင်းလေးတွေကြား သူ့လက်ချောင်းပျော့ပျော့လေးတွေကို တစ်ခုစီထည့်ပြီး ဆုပ်ကြည့်လိုက်--
စိတ်ဝင်စားစရာ အရာတစ်ခုလို သူ့ရဲ့ မျက်လုံးလေးတွေနဲ့ ကြည့်ရင်း အိပ်ယာက မထဘဲ သဘောကျနေတယ်