Sehun ညနေရောက်တော့ ညစာအတွက် Hanလေးကို ခေါ်ပြီး ဈေးလျှောက်ဝယ်နေတယ်Hyung က ရွှေတွေ စိန်တွေ စုပြီး ဘာလုပ်မှန်း မသိဘူး
သုံးလည်း မသုံးဘူးသူ့ကိုလည်း ငယ်ငယ်တုန်းက ရွှေလှောင်အိမ်နဲ့ မထားဘူး
ကြီးရင်း အသုံးမဝင်တော့မှာမို့ဆိုပြီး ကြေးလှောင်အိမ်နဲ့ ဖြစ်သလို ထားတယ်
Sehun ကအခု Hanလေးကို ထားဖို့ ကြေးလှောင်အိမ်ကို လွှင့်ကာ မြေအောက်ခန်းက ရွှေတွေယူပြီး အရည်ကြိုကာ လှောင်အိမ် လုပ်ပစ်လိုက်တယ်
အခုအိမ်ဆို Sehun လုပ်ထားတဲ့ ရွှေလှောင်အိမ် အသေးလေးဟာ Suho ရဲတိုက်ထဲမှာ လှပစွာ ဝင်းဝင်းတောက်နေတယ်
နောက်တော့ ရွှေဒင်္ဂါးပြားတွေ အထုပ်လိုက်သယ်ကာ Hanလေးနဲ့ အတူ Sehun မြို့ထဲလျှောက်ပတ်နေတယ်
"Hyung က မသုံးတော့ ငါသုံးရတာပေါ့"
Sehun ရေရွတ်လိုက်ရင်း Hanလေးကို ခေါ်ကာ ဈေးထဲဝင်လာတယ်
Sehun ဟာ Hanလေးကို ပျောက်မှာစိုးလို့ သူ့လက်နဲ့ Hanလေး လက်ကို ကြိုးချည်ထားတယ်
Hanလေးဟာ သံကြိုးလေး တန်းလန်းနဲ့ ပန်းရောင် ဝတ်ရုံလေး ခြုံကာ သူ့အနောက်က လိုက်လာတယ်
Sehun Hanလေး အတွက် ပစ္စည်းတွေ အများကြီး ဝယ်ကာ လှည်းနဲ့သယ်လာတယ်
နှစ်ယောက်သား ဝယ်စရာတွေ ကုန်တော့မှ အိမ်ပြန်လာတယ်
Sehun တောထဲကို မသွားနိုင်လို့ အသားတွေပါ ဝယ်လာပြီး Hanလေး စားလို့ရတဲ့ အရွက်စိမ်းစိမ်းတွေပါ သယ်လာတယ်
Sehun ဟာ Hanလေး လက်ထဲကို သခွားသီးလေး ထည့်ပေးထားတယ်
Hanလေးက သခွားသီးလေး ကိုက်ရင်း မြင်းပေါ်ကနေ လိုက်လာတယ်
SEHUN ကတော့ ထိုအရသာ မရှိသော သခွားသီးကို လှည့်တောင် မကြည့်ပေ
Sehun လှည်းပေါ် ပစ္စည်းတွေ တင်ပြီး Hanလေးကို ခေါ်ကာ မြင်းကို ဆွဲလာလိုက်တယ်