ညမှောင်လာတော့ ဂူတစ်ဂူထဲမှာ သူတို့ ခိုကြတယ်Chanyeol သစ်ရွက်ခြောက်တွေ သစ်ကိုင်ခြောက်တွေ ယူလာပြီး ကျောက်တုံးခတ်ကာ မီးမွှေးနေတယ်
ကုန်းကုန်း ကွကွနဲ့ မီးတောက်အောင် လေမှုတ်နေသော အဝေးက Chanyeol ကို Baekhyun ငုတ်တုတ်ထိုင်ကာ လှမ်းကြည့်နေတယ်
Baekhyun က ကိုယ်တုံးလုံးလေးမို့ ခွေခွေလေး ထောင့်မှာ ကပ်နေတယ်
Chanyeol လှမ်းကြည့်လိုက်မိတယ်
မီးခိုးတွေ ဟပ်ပြီး ပွေပွနေသော မျက်နှာနဲ့ Chanyeol---
Byunလေးက သူ့ကို မျက်လုံးလေး ဝိုင်းပြီး လှမ်းကြည့်နေတယ်
Byunလေးဟာ ချမ်းလို့ ထင်တယ်
သူ့ခန္ဓာကိုယ် သေးသေးလေးကို ကွေးပြီး ထိုင်နေတယ်Chanyeol ငြိမ်နေမိတယ်
သူ ဘယ်လိုလုပ်ပေးရမလဲ မသိတော့ဘူး
အရင်တုန်းက Byunလေးဟာ သေးသေးလေးမို့ သူ့ရင်ခွင်ထဲ ဖက်ထားပေးလိုက်ရင် အဆင်ပြေသွားပေမယ့် ဒီ Byunလေးက အကြီးကြီး ဖြစ်နေတယ်
Chanyeol ကိုယ်ပေါ်က ရှိသမျှဟာလည်း ရေတွေရွှဲနေလို့ မီးကင်ထားရတယ်
Chanyeol ခန္ဓာကိုယ်မှာ အဝတ်ဖြူလေးသာ လုံရုံသာ ခပ်ရှည်ရှည်လေး ပတ်ထားတယ်
Byunလေးကတော့ ဘာမှမရှိဘူး
ကိုယ်တုံးလုံးလေး မီးပုံနားရွေ့လာတယ်Chanyeol အပြင်ပြေးထွက်သွားပြီး မြက်တွေ နုတ်လိုက်တယ်
နှင်းရေစိုနေသော မြတ်တွေ ခြောက်အောင် Chanyeol ကင်လိုက်တယ်
အပြင်ပြေးထွက်လိုက် မြတ်တွေ ထပ်နုတ်လာလိုက်
အမြစ်တွေရော မြေကြီးတွေ ရောထွေးပြီး အကုန်စုထားတယ်
မီးပုံပေါ်က တန်းစင်လေးပေါ်မှာ သူ့အဝတ်တွေနဲ့ အတူ မြတ်တွေကို ဖြန့်ပြီး မီးကင်လိုက်
![](https://img.wattpad.com/cover/139615605-288-k174195.jpg)