"သူက Hanလေးကို မမြင်ရဘူး ထင်တယ်"
"Sehun ဆီမှာ Hanလေးဆီက အနံ့ရလို့ လိုက်လာတာ နေမှာ"Suho ကုတင်ပေါ်က Monster ဆိုသူ၏ လည်ပင်းက ချုပ်ရိုးကို ပြန်ချုပ်ပေးနေတယ်
ခုနက အချင်းချင်း သတ်ဖြတ်ကြရင်း ချုပ်ရိုးပြေသွားတာမို့ သွေးတွေဟာ ဆက်တိုက်ထွက်ပြီး မေ့မြောနေတယ်
အခုထိ သတိမရသေး----
Hanလေးကို စွန့်ပစ်ခဲ့ရတာ မကြာသေးဘူး ထင်တယ်
ကျင့်သားမရသေးဘဲ အချိန်တွေ အများကြီး ဆက်တိုက်လိုက်နေခဲ့ပြီး အဲ့ဒီဒဏ်တွေကြောင့် အားအင်လည်း ရှိတဲ့ပုံမပေါ်
တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေပြည့်နေတယ်
Suho က ငှက်မွှေးလေးမှာ ဆေးရည်စွတ်ပြီး စုတ်တံလေးနဲ့ ပန်းချီဆွဲသလို လိုက်သုတ်ပေးနေတယ်
Chanyeol အပြင်ထွက်လာရင်း Sehun ရှိရာကို လှမ်းကြည့်လိုက်မိတယ်
Sehun ဟာ ထိုအချိန်ကတည်းက Hanလေးကို မလွှတ်တော့ပေ
Sehun ဟာ Hanလေးကို ဖက်ပြီး အဝေးမှာ ငြိမ်နေတယ်
စကားလည်း မပြောတော့ဘဲ တိတ်ဆိတ်နေတယ်
Hanလေးကို ခေါ်သွားတော့မယ်ဆိုတာ သူသိနေတယ် ထင်တယ်
Chanyeol စိတ်မကောင်းစွာ လှမ်းကြည့်နေမိတယ်
Byunလေးက အနားရောက်လာပြီး သူ့လက်ကလေး လာဆွဲတယ်
Sehun လှမ်းကြည့်လိုက်မိတယ်
အကျီဟပြဲလေးနှင့် Sehun အဝတ်တွေကို ဖြစ်သလို ကောက်စွပ်ပေးထားသော Byunလေး
Byunလေးကို မြင်ရတဲ့ ခံစားချက်ဟာ အရင်နဲ့ မတူဘူး ဖြစ်နေတယ်
သူ့အနားကို Byunလေး မဟုတ်ဘဲ အခြားတစ်ဦးရောက်နေသလိုပဲ ထင်နေမိတယ်
ဒါပေမယ့် သူ့ရဲ့ မျက်လုံးလေးတွေက Byunလေးရဲ့ပုံစံ အတိုင်း မပြောင်းလဲသွားပါဘူး