Kai အထဲဝင်လာတော့ Tao က အနံ့ရလို့ သူ့ကို လှည့်ကြည့်တယ်
ကျောက်စိမ်း ဝတ်ရုံလေးနဲ့ အကောင်တစ်ကောင်--
Tao အနားကပ်သွားမိတယ်
Kai က ပန်းပင်လေးတွေကို ကျကျနန ထိုင်နုတ်နေတယ်
Tao ထိုင်ပြီး ကြည့်နေရင်း မာန်ဖီလိုက်မိတယ်
Kai က မြေကြီးတွေ ပေပွနေသော မျက်နှာလှည့်ကြည့်ပြီး သူ့ကို ပြုံးပြတယ်
"on!"
Kai က သူ့လက်ထဲက တူးထားသော ပန်းပင်လေး Tao ကို လှမ်းပေးလိုက်တယ်
အမြစ်သေးသေးလေးတွေနဲ့ အဝါရောင် ပန်းပွင့်လေး---
Tao ငြိမ်သွားမိရင်း လှမ်းယူလိုက်တယ်
Kai က တစ်ပင်ပြီး တစ်ပင် ထိုင်နုတ်နေတယ်
ပြီးတော့ သူ့ကို လှမ်းပေးတယ်ပန်းပင်တွေ နုတ်ပြီး ဆော့ရတာ ပျော်တဲ့ပုံ---
Tao ကတော့ သူ့လုပ်တာကို ပန်းပင်လေး ကိုင်ပြီး ထိုင်ကြည့်နေတယ်
Chanyeol ရဲ့ ပန်းခင်းလေးကတော့----
×××××
Kyung Soo အိမ်ထဲဝင်လာတော့ Chanyeol ကလေးချီပြီး အပေါ်က ပြေးဆင်းလာတယ်
"ဘယ်မှာလဲ Hyung"
"ရောက်ပြီဆို!!"Yixing ဟာ ပုပုသေးသေး လူတစ်ယောက်နဲ့ မတ်တပ်ရပ်နေတာတယ်
KyungSoo က သေတ္တာလေး တစ်လုံးကိုင်ပြီး စာလိပ်နှစ်လိပ် ကိုင်ထားတယ်
Chanyeol KyungSoo ကို ကျော်ပြီး အပြင်ထွက်သွားတယ်
KyungSoo စာလိပ်ကိုင်ကာ မတ်တပ်လေးရပ်နေမိတယ်
Chanyeol က ကလေးတစ်ဖက်နဲ့ အထဲပြန်ဝင်လာတယ်
ပြီးတော့ သူ့ကို သေချာ ကြည့်တယ်
"Hyung"
"ဒီကလေးက ဘယ်သူလဲ!!"ချက်ချင်း နီတတ်လာသော သူမျက်နှာဟာ ပူနေပြီဆိုတာ Kyungsoo သိလိုက်တယ်