ကြောက်စရာကောင်းသော ညနက်နက်!!
တောတွင်း ခွေးအူသံများနှင့် ညံနေသော တစ်နေရာ
"ခွပ် ခွပ် ခွပ် ခွပ်"
ပြန့်လွင့်လာသော မြင်းခွာသံ----
KyungSoo ရထားလုံးပေါ်က ဆင်းလိုက်တယ်
ဝတ်ရုံ တစ်ကိုယ်လုံး ပတ်ထားသော အနက်ရောင် လူပုံစံ---
သူ့မျက်လုံးလေးပဲဖော်ပြီး တံဆိပ်ပြားပြကာ KyungSoo အထဲဝင်လာတယ်
သံချွန်တွေ အထပ်ထပ်ဟာ ပွင့်ဟသွားပြီး မြေကြီးထဲဝင်သွားတယ်
KyungSoo အကျဉ်းထောင် နယ်မြေထဲဝင်လာခဲ့တယ်
××××××
"ကျီ ကျီ ကျီ~~"
"ကျီ ကျီ ကျီ~~"
သံချောင်း အချို့ကို တိုက်ဖြတ်နေသော ခပ်တိုးတိုး အသံလေး တစ်ခု
Chen လက်ထဲက ခပ်ပြားပြား အရာတစ်ခုနဲ့ ထောင်ပြတင်းပေါက် တစ်ခုကို တိုက်စားနေတယ်
ဟိုကြည့် ဒီကြည့်နဲ့ ထုံးစံအတိုင်း အပြင်ထွက်ပြေးဖို့ ကြံနေသော ခပ်ဆိုးဆိုး Monster လေးး
Chen ဟာ ပြင်ပ အကျဉ်းထောင်ကနေ ခဏ ခဏ ထွက်ပြေးလေ့ရှိတယ်
Yixing က ဖမ်းလိုက် သူက ပြေးလိုက်
အခုတော့ သူ့ကို သံတောင် မြေအောက်က အတွင်း အကျဉ်းခန်းထဲ ထည့်ထားတယ်
လုံးဝမဖြစ်နိုင်ပေမယ့် သူပြေးဖို့ ထပ်ကြိုးစားနေတုန်းပဲ---
အားသွန်ခွန်စိုက် အရာမယွင်းသေးသော နေရာလေးကို လှီးဖြတ်ရင်းး~~
ရုတ်တရက်!!
"ဒေါက် ဒေါက်"
Chen လှည့်ကြည့်လိုက်တယ်
သူ့ အခန်းက သံလုံးတွေတိုင်တွေ ရှေ့မှာ ရပ်နေသော လူတစ်ယောက်
အဝတ်ပတ်ထားပေမယ့် သူ ဘယ်သူဆိုတာ Chen သိသား
Chen ချက်ချင်း အပေါ် ပြတင်းပေါက်ကို ဖောက်နေရာက ခုန်ဆင်းလာတယ်