ရေပေါ် ပေါ်တဲ့ ဘဲရုပ်တွေကို Sehun ရေစည်ထဲ သွန်ချလိုက်တယ်
ဘဲရုပ်လေးတွေဟာ ရေပြင်ပေါ်ပြည့်သွားပြီး ဝါဝါထိန်
Sehun Hanလေးကို ရေချိုးပေးတော့မည်
Sehun Hanလေးကို အကျီချွတ်ပြီး ရေစည်လေးထဲ ထည့်လိုက်တယ်
ပြီးတော့ သူပါ ရေချိုးဖို့ အထဲ ဝင်ထိုင်လိုက်တယ်
သစ်သား ရေချိုးစည် သေးသေးလေးထဲမှာ Hanလေးဟာ ပျော်မြူးနေတယ်
အစွယ်လေး နှစ်ချောင်းပေါ်သည် အထိ ရီရင်း ဆပ်ပြာမြှပ်တွေနဲ့ ရေနွေးငွေ့လေးတွေကြား ကူးခတ်နေတယ်
Sehun အဝတ်ဖက်လေးယူကာ ရေဆော့နေသော Hanလေးရဲ့ ခါးကို အနောက်ကနေ ဖက်ပြီး ရင်ခွင်ထဲ ဆွဲထည့်လိုက်တယ်
Hanလေးဟာ အိစိ အိစိ ဘဲရုပ်လေးတွေကိုင်ရင်း သူ့ရင်ခွင်ထဲ ငြိမ်နေတယ်
Sehun Hanလေး ကျောကုန်းလေးကို အဝတ်နုနုလေးနဲ့ ပွတ်လိုက်တယ်
ဖုန်တွေကြားထဲ ပေသလူးနေခဲ့သော သူတို့နှစ်ယောက်
Hanလေးက သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ နောက်ပြန်လေး မော့ကြည့်တယ်
"မကြည့်နဲ့
"ချစ်လို့ လုပ်ပေးတာ မဟုတ်ဘူး"
"ညစ်ပတ်နေလို့ လုပ်ပေးတာ"ဆိုတော့ Hanလေးက အရှေ့ပြန်လှည့်သွားတယ်
Sehun Hanလေးကို ရေချိုးပေးရင်း ပြောလိုက်မိတယ်
"ငါနဲ့နေရတာ ပျော်လား"
Hanလေးက ခေါင်းလေး ငြိမ့်ပြတယ်
Sehun ပြုံးလိုက်မိတယ်
"အဲ့ဒါဆို တစ်သက်လုံး နေနော်~~
"ဘယ်မှ မသွားနဲ့Hanလေးက ခေါင်းလေး ထပ်ငြိမ့်ပြတယ်
"ချစ်လို့ မဟုတ်ဘူးနော်~~"
"အန္တရာယ်များလို့~~မင်းက အားမရှိဘဲနဲ့