Sehun Hanလေးကို ခေါ်ပြီး လမ်းလျောက်ကာ အိမ်ပြန်လာတယ်Hanလေးကို စောင့်ပြီး အတူတူ လျောက်နေရတာမို့ သူအတွက် သိပ်ပြီး အဆင်မပြေလှဘူး
Sehun ရှေ့ကနေ လျောက်သွားတယ်
Hanလေးက သူ့ခြေရာအတိုင်း နှင်းတောလေးထဲကနေ လိုက်လာတယ်Sehun လှည့်ကြည့်လိုက်တယ်
အဝေးကနေ ပုတု ပုတု နဲ့ လိုက်လာသော အဝါရောင် Petalလေး Han~~
"ya~~~~ မြန်မြန်လာ~~~
"လျှောက်ရတာ ကြာလှပြီ~~~Sehun မတ်တပ်ရပ် စောင့်နေတော့ Hanလေးက သူ့အနားကို ပြေးလာတယ်
ပြီးတော့ အရှေ့မှာ မတ်တပ်လေး ရပ်နေတယ်
တုန်ယင်နေသော နှုတ်ခမ်းလေးတွေကို sehun ကြည့်လိုက်မိတယ်
အေးလို့ ပန်းနုရောင် သန်းနေသော သူ့လက်လေးတွေကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေသော Hanလေး
ပါးလေးတွေဟာ ရဲနေပြီး နှုတ်ခမ်းဖျားလေးတွေဟာ အာငွေ့လေးတွေက တထောင်းထောင်း ထွက်နေတယ်
ပျားရည်ရောင် အရည်ကြည်တို့ တစ်လဲ့လဲ့ ဝေ့နေသော မျက်ဆံလေးတွေ နဲ့ မျက်တောင်ရှည် ကော့ကော့ နက်နက်လေး
ဖြူဖြူဖွေးဖွေး ပါးဖောင်းဖောင်းလေးနဲ့ စတော်ဘယ်ရီရောင် နှုတ်ခမ်း နီနီလေး--
Sehun ငြိမ်နေမိတယ်
အားလည်း မရှိဘဲ ဘာလို့ လူတကာ သဘောကျချင်အောင် လှနေတာလဲ---
အနည်းဆုံး Byunလေးလိုတော့ သန်မာပေါ့---
သူအစား စိတ်မရှည်တဲ့ ကိုယ်က အခုတော့ ဘုံပျောက်ပြီ
"ငါ့ဟာ ငါနေရင် အကောင်းသား"
Sehun ရေရွတ်လိုက်ရင်း Hanလေး အနားတိုးလိုက်တယ်
Hanလေး လက်ကလေးကို ဆောင့်ဆွဲလိုက်တယ်
"n!"