Yixing ခြုံထဲတိုးလာတယ်
Suho အနောက်ကနေ Byunလေးကို ပိုက်ပြီး လိုက်လာတယ်
Yixing Byunလေးကို ငိုမှာ စိုးလို့ ပါးစပ်ထဲ သကြားလုံးလေး ငုံခိုင်းထားတယ်
ပြီးတော့ သူ့တို့ နှစ်ယောက် ငြိမ်နေကြတယ်
Kris ဟာ လည်ပင်းမှာ သွေးတွေနဲ့ ကုပ်ခြစ်ထားသော ခန္ဓာကိုယ်ကို မြင်အောင်လုပ်ကာ သူ့ Petal လေး ချီပြီး တံတားရှိရာကို တိုးသွားတယ်
တံတားလေးဟာ ပေါ်လာပြီး ကမ်းပါးနှစ်ဖက်ကို ချက်ချင်း ဆက်သွားတယ်
Kris Tao လေးကို လက်မှာ ကြိုးချည်ပြီး တံတားနားမှာ ချထားလိုက်တယ်
နောက်တော့ အရာအာလုံး မှုန်မှိုင်းသွားပြီး မြူတွေခိုးလာတယ်
Tao ရှေ့မှာ တစ်လက်လက်တောက်ပနေသော မီးလုံးလေး တစ်လုံးပေါ်လာပြီး Tao ဟာ ထိုမီးလုံးလေးကို ကြည့်ရင်း တံတားပေါ်တတ်သွားတယ်
လှုပ်လှုပ် လှုပ်လှုပ် နဲ့ ကလေးမြူသလို မြူပြီး လမ်းပြခေါ်သွားသော အဝါရောင် မီးလုံးငယ်
Suho လှမ်းကြည့်နေမိတယ်
Tao ဟာ အရွယ်သေးသေးလေးကနေ တဖြည်းဖြည်း ပုံစံပြောင်းလာတယ်
တံတားပေါ် လမ်းလျှောက်နေရင် လူတို့ နေရာနဲ့ နီးလာသည်နှင့်အမှ ခန္ဓာကိုယ် အရွယ်အစားဟာ တဖြည်းဖြည်း သူ့ရှိရင်းစွဲ အသက်အတိုင်း ပေါ်လာတယ်
ဒါပေမယ့် စိတ်တို့ဟာ မပြောင်းသေးဘူး ထင်တယ်
Tao ဟာ သူ့လက်တံရှည်ရှည်လေးတွေနဲ့ မီးလုံးလေးကို ခုန်ပြီး ဖမ်းနေတယ်
လူ့တွေနေတဲ့ နယ်မြေမရောက်သေးလို့ စိတ်ပိုင်းဆိုင်ရာ မကြီးထွားလာသေးသော လူငယ်တစ်ယောက်ဖြစ်နေတယ်
ကလေးစိတ်မကုန်သေးသော အရွယ်ရောက်လူသားလေးအတိုင်း မသဲကွဲသော မြူတွေကြားမှာ မီးလုံးလေးကို ဖမ်းဖို့ကြိုးစားနေတယ်