Chanyeol သူ့ အိမ်ကို ပြန်ရှင်းလင်းနေတယ်
လူတွေလို အိမ်စေဆိုတာ ဘာမှန်းမသိသော သူတို့အတွက် ကိုယ်တိုင် ကိုယ်ကျသာ
သန်မာခြင်း ထွားကြိုင်းခြင်းတို့နှင့် ပြည့်စုံသော သူတို့အတွက် ကြမ်းတမ်းသော လုပ်ကိုင်ခြင်းတွေကို အကူညီတောင်းဖို့ မသိကြချေ
အချိန်တိုင်း နေရာတိုင်းမှာ ပင်ပန်းမှုကို ခံနိုင်ရည်ရှိသော Monster ဆိုသည့် မျိုးနွယ်စု
ဟိုဘက်ဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့---
အလုပ်ရှုပ်နေသော Park ChanyeolSuho က လှောင်အိမ်လေးထဲမှာ Byunလေးကို ငုတ်တုတ်လေး ထိုင်ကြည့်နေတယ်
ငှက်မွှေးတွေကြားထဲက အဖြူရောင် Petalလေး
Suho တံတားပေါ်က မြင်ကွင်းလေးကို ပြန်တွေးရင်း ပြုံးလိုက်မိတယ်
"Park~~ Chan~~"
အပြုံးချိုချိုတို့ လွင့်ဝဲနေမိသော ရွှေလှောင်အိမ်ငယ်
Byunလေးကြီးလာရင် အရမ်းလှတဲ့ သူလေး ဖြစ်လာမှာပေါ့
Suho Byunလေးကို အသာမ လိုက်ရင်း သူ့ရင်ခွင်ထဲထည့်ကာ ငှက်မွှေးတွေပေါ် လှဲချလိုက်တယ်
"Sehun)))))"
"အမှိုက်တွေ တတ်မနင်းနဲ့"
"အဲ့နေရာ ငါအခုမှ ရှင်းထားတာ!!!"Chanyeol လှမ်းအော်လိုက်တယ်
Yixing ကတော့ Suho ကောင်းမှုကြောင့် သန့်ရှင်းရေးလုပ်နေရတယ်
Suho လေး ဒဏ်ရာရထားလို့ အလုပ်တွေ ဝိုင်းလုပ်နေသော Monster ကြီး
"တစ်သက်လုံး ဒီလိုနေလာတာလား Sehun"
"မဟုတ်ဘူး"
"Suho Hyung က အိမ်ရှိတယ်"
"ပန်းလေးတွေနဲ့!!"Sehun က ကြားဖြတ်ပြီး ဖြေတယ်
"ဒီမှာ အနံ့တွေ စွဲနေတာက အရင်က မဟုတ်ပါဘူး"
"အရင်က Byunလေး ရှိလို့ Chanyeol Hyung က သန့်ရှင်းလေး ပုံမှန်လုပ်ပေးတယ်"