အပိုင်း-၂

2.7K 222 8
                                    

လူသားကဲ့သို့သော.. အပိုင်း(၂)
××××××××××××××××××


နှစ်များစွာတိုင်အောင် သူစုဆောင်းလာခဲ့ရတဲ့ သူ့စာအုပ်တွေကို သေတ္တာထဲထည့်ကာ သော့ခတ်ပြီး.. စတိုခန်းထဲ ထည့်လိုက်တာကို ငေးကြည့် နေမိပေမယ့် ဘယ်အရာကိုမှ သူ မတားဆီး မိသေးသလို လုပ်သမျှသာ လိုက်ကြည့် နေမိ၏။
သူဆွဲထားသည့် ပန်းချီကားတွေကိုလည်း.. အိတ်တွေနဲ့ ထည့်ကာ အမှိုက်ပုံသို့ ပစ်ထား လိုက်ကြ၏။ လူသားတွေနဲ့ မပတ်သတ်ချင်ဘူး ဆိုတာ အဲ့လို အကြောင်းရင်းတွေ ကြောင့်မို့.. လူတွေ တော်တော် များများက သူတို့ပစ္စည်း မဟုတ်ဘူး ဆိုတာနဲ့ ဖျက်စီးလိုကြသော စိတ်တွေကို ပိုင်ဆိုင် ထားကြသည်။

သူနေတဲ့ အခန်းထဲမှာ မှန်တင်ခုံတွေ.. အရုပ်တွေ.. တစ်ခုပြီး တစ်ခု ရောက်လာတာကိုလည်း ငေးရုံသာ ငေးနေပြီး.. တစ်ခုခု လုပ်ပစ်ချင်သော စိတ်တွေ ပေါ်လာပေမယ့် အသက်ဝင်နေတဲ့ အရုပ်မလေးကို စိတ်ပျက်လက်ပျက် ကြည့်နေရသည်။

ခြူးရဲ့ ကျောနောက်မှာ တစ်ယောက်ယောက်က ကြည့်နေသလို ခံစားနေရပြီး.. ကိုယ့်ရဲ့လှုပ်ရှားမှု တိုင်းကို လိုက်ကြည့်နေမှန်း သိနေတာကလည်း ခံရခက် ဆိုးဝါးနေ၏။

'လူရှိလား..'

လာပြန်ပြီ ဒီမေးခွန်း..၊ သူမဘာတွေ ခံစားနေရတာလဲ..၊
သူမစိတ်ထဲ ဝင်ဖို့ အာရုံစိုက်လိုက်တော့.. ရှင့်ကို ကြောက်တယ်..တဲ့..၊ ဒါလည်း မထူးဆန်းတဲ့ အတွေး တစ်ခုပါပဲ..၊ လူတွေက မမြင်နိုင် မသိနိုင်.. နားမလည်နိုင် တာကို ကြောက်တတ်ကြတာ သူတို့ သဘာဝပါ။

'တစ်ယောက်ယောက် ရှိနေတာ ခြူးသိတယ်နော်..'

အသံတုန်တုန်လေးနဲ့.. ခြိမ်းခြောက်ဖို့ ကြိုးစားနေသေး၏။
သို့သော်.. ဒါကိုတော့ နည်းနည်း အံဩသွားပြီး ပြတင်းပေါက် ဘောင်မှာ ထိုင်နေရာက ထရပ်လိုက်သည်။
သူရှိနေတာကို မမြင်ရပဲ သိတယ် ဆိုတာ အမေပဲ ရှိဖူးသေးတာ..၊
သူမနားသို့ တိုးသွားတော့ သူမက ကြောက်ကန်ကန်သည့် ပုံစံလေးနဲ့ နောက်ဆုတ် သွားသည်။
သူမတကယ် မြင်နေရတာလား..၊ သူများတွေ အံ့ဩအောင် လုပ်ဖူးသမျှ အခုမှ ကိုယ်အံ့ဩရမယ့် အလှည့် ဖြစ်နေပြီလား..၊

လူသားကဲ့သို့သော..Where stories live. Discover now