လူသားကဲ့သို့သော.. (အပိုင်း-၉)
×××××××××××××××××××'တကယ်ပါဆို ဂစ်တာက လေထဲမှာ ဒီလို.. ဒီလို ဝဲနေတာ.. ခြူးနေရာမှာ ကြီးမြဆိုရင်.. မေ့လဲသွားလောက်တယ်'
လက်ဟန် ခြေဟန်တွေပါ ပါပြီး ပြောပြနေသော်လည်း ကြီးမြက အလုပ်လုပ်ရာက တစ်ချက်မျှသာ မော့ကြည့်၏။
'အေးပါ ခြူးလေးရယ်.. အေးပါ ကြီးမြ ဟင်းချက် လိုက်အုံးမယ်နော်..'
'ဟွန့်!.. ခြူးပြောပြနေတာ ဘယ်သူမှလည်း မယုံကြဘူး..'
'မယုံတာ မဟုတ်ပါဘူး ခြူးလေးရယ်.. ကြီးမြမအားလို့ပါ..'
မီးဖိုခန်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်လာပြီး.. ပြောပြဖို့ ဘယ်သူကျန်သေးလဲ ဆိုတာကို လိုက်ရှာ.. မိ၏။
ဦးခန့်ရဲ့တူ ရှိသေးတာပဲ..၊ သူဆိုရင်တော့ ပြောပြတာကို ယုံလောက်တယ်..၊အိမ်ကို တစ်ပတ်ပတ်ပြီးတဲ့ အထိ သူ့ကို မတွေ့သေး..၊ ဘယ်သွားလိုက်တာ ပါလိမ့်..၊
တစ်မနက်လုံး.. ညတုန်းက အကြောင်းကို လိုက်ပြောရင်း.. စိတ်ညစ်သလိုလေး ဖြစ်သွားလိုက် ခဏနေ နောက်တစ်ယောက်ကို ပြန်ပြောပြလိုက် လုပ်နေသည့် သူမက အခုတော့.. သူ့ကို ပတ်ရှာနေ၏။
ဒီကောင်မလေးကို အကြာကြီး ပုန်းမနေချင်တာမို့.. ခြံထဲသို့ လှမ်းဝင်လာသလို ဖြင့်.. ခြံထဲသို့ ခြေလှမ်းချလိုက်၏။ သူမက သူ့နားကိုပြေးလာရင်း.. လှမ်းအော်ပြော၏။
'ဟေ့!.. မနက်အစောကြီး ဘယ်သွားနေတာလဲ.. ခြူး နင့်ကိုလိုက်ရှာနေတာ..'
'သိတယ်..'
'ဘာ!..'
မဟုတ်ဘူးလေ ထင်ရှား..၊ ဘာလို့ သိတယ်လို့ သွားပြောလိုက်တလဲ..၊ မမှားအောင် နေရမှာပါဆို ဘယ်လိုလုပ် သိတယ် ဖြစ်သွားရတာပဲ..၊
သူမက သူ့ကို မျက်လုံးပြူးလေးနှင့် ကြည့်လာပြီး.. ဆံပင်ခွေခွေလေးတွေ ယမ်းခါသွားတဲ့ အထိ.. ခေါင်းလေးကို လှုပ်ရှားလိုက်ကာ..
'ဘယ်လိုသိတာလဲ..'
ဖြေစမ်း ထင်ရှား..၊ ဘယ်လို သိတာလဲတဲ့..၊
'မင်းရဲ့ အမူအရာက ငါလာတော့ ဝမ်းသာအားရဖြစ်နေလို့ပါ..'
'ဟီး.. အဲ့လိုလား.. အဲ့လိုကြီး ဖြစ်နေတာလား..'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..