အပိုင်း-၁၅

1.3K 152 1
                                    

လူသားကဲ့သို့သော.. (အပိုင်း-၁၅)
××××××××××××××××××××

ကားကို လမ်းရှိနေလို့သာ ဆက်မောင်းနေရတာ..၊ ဘေးနားက လူက မျက်လုံးတွေ မှိတ်ရင်း ငြိမ်သက်နေတုန်း..၊ ဘယ်သွားရမယ် ဘယ်လမ်း.. ဘယ်ရွာ တစ်ခွန်းမှ မဟပဲ.. သူ့ဖာသာ မျက်လုံးမှိတ်လျက်.. နေနေ၏။

နောက်တော့ မနေသာတဲ့ အဆုံး တစ်ခုခုမေးမလို့ ပါးစပ်ဟလိုက်တော့မှ.. မျက်လုံးတွေ ပွင့်ဟလာပြီး..

'မျက်စိမှိတ်လိုက်..'

'ဗျာ.. ဘာလို့..'

'မျက်စိမှိတ်ထားလိုက်.. တစ်ခုခုကို မမြင်ချင်ဘူး ဆိုရင် မျက်စိမှိတ်ထားလိုက်..'
'ဟုတ်.. ဟုတ်ကဲ့..'

ဖျတ်ခနဲ မျက်စိမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တော့ ဘေးနားမှာ ထိုင်နေတဲ့ သူက မရှိတော့..၊
မျက်လုံးအစုံ ပြူးကျယ်သွားပြီး ကားတံခါးကနေ အပြင်ကို ကြည့်မိပေမယ့် လမ်းမှာ လူသူကင်းရှင်းနေတာများ ခွေးတစ်ကောင် ကြောင်တစ်မြီးပင် မရှိ..၊

'ဘာလဲ.. သရဲ ခြောက်ခံရတာလား.. ဘာဖြစ်သွားတာလဲ..'

ခုနတုန်းက ထိုင်သွားတဲ့ နေရာမှာ.. ရွှေရည်တွေ ဝင်းပြောင်နေတဲ့ လက်စွပ်တစ်ကွင်းက နေရာယူထား၏။

'ငါဥစ္စာစောင့်နဲ့ တွေ့နေတာလား.. ဥစ္စာစောင့်က ယောက်ျားလေးလား.. ဘာလဲ..'

ကားခေါင်းကနေ ကမန်းကတန်း ဆင်းပြီး ကြည့်တော့လည်း ကားနောက်ခန်းမှာ ပြည့်နေအောင် ထည့်ထားသည့် ပစ္စည်းတွေ တစ်ခုမှ မရှိတော့..၊
ဘာလဲ.. ဥစ္စာစောင့် အသိုက်ပြောင်းတာ ငါ့ကားကို လာငှားသွားတာလား..၊ လားပေါင်းများစွာဖြင့် ကားပေါ်ပြန်တက်ပြီး အိမ်သို့ ရောက်အောင် တန်းသွား လိုက်မိတော့၏။

မြေအောက်ခန်းလေးထဲမှာ ပစ္စည်းတွေနဲ့ အတူတူ ပြန်ရောက်လာတော့ တခြားပစ္စည်းတွေကို မျက်တောင် တစ်ခတ်အတွင်းမှာ နေရာတကျ လုပ်လိုက်ပေမယ့် နှင်းအိရဲ့ ပုံလွှာကိုတော့ သူ့လက်နဲ့ သေချာ ကျကျနန သယ်ယူပြီး.. နံရံတွေမှာ သေချာ လိုက်ချိတ် နေမိသည်။

မီးလောင်သွားတဲ့ အစွန်းအဖျားလေးတွေကို လက်ဖြင့် ထိတွေ့ ပွတ်သတ်ရင်း.. အကောင်းတိုင်း ပြန်ဖြစ်စေ!.. ဆိုတာလေးနဲ့ နဂိုရ်အတိုင်း ပြန်မြင်နေပေမယ့် စိတ်ထဲမှာ ထင်ကျန်နေမိတာက မျက်ရည်စီးကျသံ သဲ့သဲ့လေး..၊

လူသားကဲ့သို့သော..Where stories live. Discover now