လူသားကဲ့သို့သော.. (အပိုင်း-၁၆)
××××××××××××××××××××မနက်နိုးလာတော့ လူက လန်းဆန်းနေကာ ညတုန်းက အိပ်မက်ကို ပြန်တွေးနေမိ၏။
အိပ်မက်ထဲမှာ ထင်ရှားစုတ်က.. ခြူးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး.. နေရာစုံအောင် လိုက်ပို့ပေးနေတာ တန်ခိုးရှင် အတိုင်း..၊ အပြင်မှာသာဆိုရင် ဒီတိုင်းလုပ်ပေးဖို့ မပြောနဲ့.. ပြောချင်တာပြောပြီး ခြူးကို အထင်မြင်သေးအုံးမည်။ အနားမကပ်နဲ့လို့ အော်အုံးမည်။
အကျင့်ပုတ်တဲ့လူ.. အိပ်မက်ထဲမှာ ကျမှ လာကောင်းပြနေသေးတယ်.. ဟွန့်..၊'ဟော့ဗျာ ဘေဘီလေးက မျက်နှာတွေ လန်းဆန်းလို့ပါလား.. ညကကောင်းကောင်း အိပ်ပျော်တယ်နဲ့တူတယ်..'
'အိပ်မက်တွေ မက်ထားတာ..'
ပြုံးကြည် ပျော်ရွှင်နေတဲ့ သူမမျက်နှာလေး ထက်က အပြုံးတွေ အရယ်တွေက သူ့ဆီသို့ပါ ကူးစက်လာပြီး..
'ဘာတွေ မက်ထားလို့လဲ..'
'မနေ့ညတုန်းက ခြူး ကစားကွင်းသွားတယ်လို့ အိပ်မက်မက်တယ်.. ပင်လယ်မှာလည်း သွားဆော့တယ်..'
'အဟက်!..'
မနေ့တုန်းကမှ လူကြီးလုပ်မယ် ပြောပြီး.. ကစားကွင်းသွားတယ် အိပ်မက်မက်လို့ ပျော်နေတဲ့ ကလေးလေးကို ရယ်လိုက်မိသည်။
'ကိုကိုနော်.. ခြူးကို ရယ်တာ'
'မဟုတ်ရပါဘူး ဗျာ.. ဒီနေ့ ကိုကိုရုံးသွားရင် လိုက်ခဲ့မလား..'
'တကယ်လား.. ခြူးကို ခေါ်သွားမှာလား..'
'ခဏပဲ သွားမှာ မြို့ထဲမှာ ဈေးဝယ်ချင်လည်း လိုက်ပို့ပေးမယ်..'
'လိုက်မှာပေါ့ ခြူး အင်္ကျီလဲ လိုက်အုံးမယ်..'
အခန်းထဲ ပြေးဝင်သွားပြီး ပြန်ထွက်လာတော့.. ပန်းရောင်ဂါဝန်လေးနဲ့ ခေါင်းက စကုတ်လေးနဲ့..၊ ဘယ်မှာလဲ လူကြီးဖြစ်ချင်တာ..၊
'ပြီးပြီ.. သွားမယ်လေ ကိုကို..'
'သမီးရေ.. မာမီမနက်ဖြန် ပြန်တော့မှာ.. နောက်မှ သမီး ဒက်ဒီနဲ့ အတူတူ လာလည်မယ် သမီးတို့ မောင်နှမ နှစ်ယောက်ကို သမီးဒက်ဒီက မြန်မြန်ယူစေချင်နေပြီတဲ့ နောက်တစ်ခါ မာမီတို့ လာဖြစ်ရင် သမီးတို့ကို လက်ထပ်ပေးတော့မယ် ထင်တယ်..'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..