အပိုင်း-၂၄

1.1K 113 2
                                    

လူသားကဲ့သို့သော်.. (အပိုင်း-၂၄)
xxxxxxxxxxxxxxxxxxxxxxxxxxx

'ထင်ရှား.. ထင်ရှား..'

ဝင်သက် ထွက်သက်တွေ အထိ နီးကပ်စွာ တည်ရှိနေသော သူမအသံကို ကြားလိုက်ရတာမို့.. ကြည်နူးစွာ အိပ်နေရာမှ ထလိုက်ပြီး သူမခါးလေးကို သိမ်းဖက် ထားလိုက်မိသည်။ သူမက တခစ်ခစ် ရယ်ရင်း.. သူ့ကို လက်သီးဆုပ်လေးဖြင့် အသာခပ်ဖွဖွ ထုရင်း..

'ကလေး အဖေကြီး.. အိပ်ရာထတာကလည်း နောက်ကျလိုက်တာ.. ကလေးတွေတောင် နိုးနေပြီ မနက်စာစားဖို့ စောင့်နေကြတယ်..'

လှမ်းကြည့်လိုက်တော့ ကလေးငယ် တစ်ဦးက သူ့အား ပြုံးရယ်ပြနေ၏။ ပြီးတော့မှ သူမကို လှမ်းကြည့်လိုက်တော့.. သူမက သူ့ကို ကြည့်နေရင်း ပြုံးပြကာ လက်ထဲက ထမင်းချိုင့်နဲ့.. အပေါ်ထပ် အင်္ကျီကို မြောက်ပြ၏။

'ရုံးသွားရတော့မယ် အဖေကြီး ဘာငေးနေတာလဲ..'

မဖြစ်နိုင်ဘူး..၊ ဒါက ထူးဆန်းတဲ့ အဖြစ်ပျက်တွေပဲ.. သူက ဘာလို့ ဒီလို အဖြစ်ပျက်တွေကို ပိုင်ဆိုင်ရမှာလဲ..၊ ပြီးတော့.. သူက ကလေးအဖေ..၊

'မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..'

သူ အော်ပစ်လိုက် သည်နှင့် တစ်လောကလုံး အမှောင်ကျသွားကာ.. ခပ်ဝေးဝေးမှ မီးရောင်ကို လှမ်းကြည့်လိုက်တော့.. လခြမ်း ကွေးကွေးလေးက အမှောင်ထဲမှာ လင်းနေ၏။ လခြမ်းလေး ရှိသော နေရာသို့ အပြေး သွားလိုက်ပြီး.. လိုက်ဖမ်းသော်လည်း.. လခြမ်းလေးကို လိုက်လို့ မမှီနိုင်ပဲ ရှိနေ၏။ ပြေးနေရင်း မောဟိုက်လာသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူ မယုံကြည် နိုင်စွာ ငုံ့ကြည့်မိတော့.. ခြေထောက်တွေက လေပေါ်မှာ ဝဲနေတာ မဟုတ်ပဲ မြေကြီးပေါ်တွင် ဖြစ်နေ၏။ ပြီးတော့ ခပ်လှမ်းလှမ်းတွင်.. သူ့ကို ခနဲ့သလို ရယ်နေသော ဇရိုင်း..၊

'မင်းက ဆေးရုံမှ မဟုတ်လား.. မင်းက ဘယ်လို ဒီကို ရောက်နေတာလဲ..'

'မင်းလုပ်လို့ ငါက ဒီလို ဖြစ်သွားတာလေ ငါ့ကို ဆရာဝန်တွေက ကုပေးဖို့ မလိုဘူး မင်းကုပေးရမယ်.. လုပ်စမ်းပါ.. ပျောက်စေလို့ တစ်ခွန်းလောက် ပြောလိုက်တာနဲ့ ငါက ပျောက်သွား.. လုပ်စမ်းပါ တစ်ခွန်းလောက်ပါပဲ..'

လူသားကဲ့သို့သော..Where stories live. Discover now