လူသားကဲ့သို့သော.. (အပိုင်း-၈)
×××××××××××××××××××'ကိုကို့!.. ခြူးကို ဂစ်တာ တီးပြီး ချော့သိပ်..'
'အိုကေ.. ကမ္ဘာမကျေ သီချင်းကနေ စဆိုပြမယ်..'
ချိတ်ထားတဲ့ ဂစ်တာကို ဖြုတ်ယူပြီး.. ပြောလိုက်တော့.. နှုတ်ခမ်းစူသွားပြီး..
'ကိုကိုနော်.. မဟုတ်တာတွေ မဆိုပြနဲ့.. ည ည ဆို ခြူးကို သရဲက လာခြောက်လို့.. အိပ်မပျော်ပါဘူးဆို..'
မျက်နှာနွမ်းနွမ်းလေး နဲ့ ပြောတော့.. စရ နောက်ရတာ တောင် မစမနောက် ရက်တော့ပဲ.. ကွေးကွေးလေး လဲလိုက်တဲ့ သူမ ကိုယ်ပေါ်သို့ ဂွမ်းစောင်ကို ခြုံပေးလိုက်သည်။ ပြီးတော့ ကုတင်ဘေးမှာ ဒရင်းဘတ်လေး ဆွဲယူ ထိုင်လိုက်ပြီးမှ လက်ထဲက ဂစ်တာကို အသံစမ်းရင်း..
'ကိုကို မတီးတာ ကြာလို့ မေ့ကုန်ပြီ.. မတီးတတ်တော့ဘူး.. ဒီလိုလုပ်ကွာ.. ကိုကိုပုံပြင်ပြောပြမယ်.. နားထောင်မှာလား..'
ဂစ်တာကို ကုတင်မှာ ထောင်လိုက်ပြီး.. သူမလေးကို ငဲ့ကြည့်တော့ မျက်လုံး မှိတ်ထားလျက်ဖြင့်..
'ဟွန့်!.. အင်းပါ.. အင်းပါ..'
ဟွန့်!.. ဆိုပြီး.. မျက်နှာလေး ညိုးသွားပေမယ့်.. ချက်ချင်း ပြန်လည် လန်းဆန်းလာပြီး.. အင်းပါ လို့ ပြန်ဖြစ်သွားတတ်တာ သူမရဲ့ မူပိုင် အကျင့်လေးတွေ..၊ အကြာကြီး စိတ်ဆိုး စိတ်ကောက် မလုပ်တတ်သလို.. လိုချင်တာမရလို့ ခြေဆောင့် စိတ်ကောက်နေလည်း ခဏသာ..၊
သူခိုးဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် သူမ ခံစားမိတာ တော်တော်များများက သနားပါတယ် ဆိုတာမျိုး..၊ ကိုကိုကလည်း ရဲမလုပ်ပါနဲ့.. သူများကို ဖမ်းနေရမှာ မကောင်းပါဘူး.. မလုပ်နဲ့နော်.. လို့ တားဖူးတဲ့ အကြောင်းပြချက်က သူများတွေကို သနားလို့ ဆိုတာမျိုး..၊ သူ့ဆီမှာ အနာတစ်ခုခု ဒဏ်ရာတစ်ခုခု ရနေပြီဆိုရင် သူက ဘာမှမဖြစ်သေးခင် သူမက ကြူကြူပါအောင် ရှိုက်ငိုပြီး.. မလုပ်နဲ့တော့ အဲ့တာကြီး မလုပ်ရဘူးလို့ တားတတ်သည်မို့.. အနာတစ်ခုခု ဖြစ်ပြီဆိုရင် သူမလေး ရှေ့သို့ ရောက်ကို မရောက်လာရဲတော့တာ..၊သူမလေးကိုယ့်ကို တွယ်တာနေတာ ဖြူစင်လွန်းနေတော့.. စိတ်နဲ့တောင် မပစ်မှား ရက်အောင် ဖြစ်နေရတာ ကိုယ့်မှာ မရှုနိုင်မကယ်နိုင်..၊
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..