အပိုင်း-၁၃

1.2K 154 1
                                    

လူသားကဲ့သို့သော.. (အပိုင်း-၁၃)
××××××××××××××××××××

'ထင်ရှားစုတ်..'

စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားတာကို ရေရွတ်လိုမိပြီး ပန်းချီကားတွေကို ကြည့်လိုက်မိသည်။ သူက ဒီပန်းချီကားတွေကို တယုတယရှိတတ်တာကို သတိရမိတော့ ပန်းချီကားတွေကို မရှိစေချင်တော့သလို ခံစားချက်က ရင်ထဲမှာ ဝင်ရောက်လာ၏။
သူမှ မရှိတာ.. တစ်ခုခု လုပ်လည်း သူမသိနိုင်ပါဘူး.. ဆိုတဲ့ အတွေးက ရင်ထဲ ရောက်လာ၏။ သူမရှိတုန်း.. မီးရှို့ပစ်မယ်..၊

သို့ပေမယ့် မီးရှို့ပစ်လိုက်ရင် သူဘယ်လောက် စိတ်တိုသွားမလဲ..၊

သူမှ မသိနိုင်တာ.. မတော်တဆ မီးလောင်သွားတယ်လို့ ပြောလည်း ရတာပဲ..၊
အတွေးတွေက မလုပ်နဲ့ ဖြစ်သွားလိုက် လုပ် လုပ်လို့ အားပေးနေလိုက်ဖြင့် ရောထွေးနေကာ မီးခြစ်ကို လက်ထဲမှာ တင်းတင်းဆုပ်ကိုင် ထားမိပေမယ့် မီးမခြစ်ရဲသေးပေ..၊

ပန်းချီကားတွေနားကို တစ်လှမ်းချင်း တိုးသွားမိပြီး မလုပ်နဲ့ ဆိုတာရယ် လုပ်လိုက် ဆိုတာရယ်က ဇဝေဇဝါနှင့်.. စိတ်တွေ ရှုပ်ထွေးနေကာ.. မီးခြစ်ခြစ်ဖို့ကို လက်တွေ တုန်ရင်နေပြီး မီးခြစ်က မြေပေါ်သို့ ခုန်ဆင်းသွား၏။

မကောင်းတာ လုပ်တာနဲ့ အေးစိမ့်မှုက ဘယ်လို ဒွန်တွဲ နေမှန်း မသိသော်လည်း.. တစ်ကိုယ်လုံး တုန်ရင်လာတဲ့ အထိ ရာသီဥတုက အေးခဲလာပြီး လက်ဖျားလေးတွေ ကျင်ခဲလာသည်။ လုပ်လိုက် လုပ်လိုက် လို့ စိတ်အတွင်းက သောင်းသောင်းဖြဖြ.. အော်ဟစ်အားပေးနေသံကို တခြားသူတွေ ကြားသွားမလား ဆိုပြီး ဘေးဘီကို တုန်တုန်ရင်ရင်ဖြင့် ငဲ့စောင်းကြည့်မိ၏။

မီးခြစ်ကို ပြန်ကောက်ပြီး မီးခြစ်ပေမယ့် ရာသီဥတု ကပဲအေးနေလို့လား.. တခြားတစ်ခုခုလား.. မသိပေမယ့် မီးက မထွက်လာ..၊ အလင်းရောင် နည်းပါးနေပြီ ဖြစ်တဲ့ ကောင်းကင်က ဂိုထောင်ထဲကို အလင်းအား မပေးတော့ပေ။

အိမ်ထဲမှာ မာမီနဲ့ ကိုကိုက စကား ပြောနေကြပြီး ခြူးကိုလည်း အိပ်ပြီလို့သာ ထင်နေကြမှာ အမှန်ပင်..၊

အိပ်ချင်တယ်လို့ ပြောပြီး အခန်းထဲဝင်ခဲ့ပြီးမှ သူ့ကို သတိရတာတွေ မကျေနပ်နေတာတွေ လုံးထွေးပြီး ခြူးဒီကို ရောက်နေတာ ဘယ်သူမှ သိအုံးမှာ မဟုတ်..၊ မိုးချုပ်နေပြီမို့လို့ အကောင်ငယ် လေးတွေရဲ့ အော်သံတွေက လူကို ပိုလို့ ခြောက်ခြားစေ၏။

လူသားကဲ့သို့သော..Where stories live. Discover now