လူသားကဲ့သို့သော.. (အပိုင်း-၁၀)
××××××××××××××××××××သူတို့ မောင်နှမနားကနေ လှည့်ထွက်လာ မိပေမယ့် မေးနေ ဖြေနေ ကြတာကိုတော့ နားစွန့်မိနေတုန်း..၊
ဒီကောင်မလေး ဘာလို့ ဒီလောက် ကလေးဆန် နေရတာလဲလို့ တွေးမိစရာ ပေမယ့် ဆူလိုက်တာနဲ့ လက်ပိုက်သွားခြင်းမှာ ကလေးတစ်ယောက်လို ဖြူစင်ခြင်းတွေ ပြည့်နှက်နေ၏။
ဆူနေတဲ့သူကလည်း ရိုက်ခံရမယ် ဘယ်လို ဘာညာ မဟုတ်ပဲ ကိုကိုမချစ်ပဲ နေလိုက်မှာနော်တဲ့..၊ သူမလေးကလည်း အဲ့လိုပြောတာလေးကို မျက်ရည် ဝဲလာတဲ့ထိ ခံစားပြီး.. အပြစ်ပေးခံရတဲ့ ကလေးလေးလို.. လက်ပိုက် ထားရာကနေ တုတ်တုတ်မှ မလှုပ်လာတော့..၊လက်နဲ့ဆွဲဖြုတ်လိုက်မှ လက်ပိုက်ထားတာလေး ပြေကျသွားပြီး.. ငိုသံပါနေတဲ့ အသံလေးနဲ့..
'ခြူးက သူ့ကို ပြောပြချင်တာ.. သူကပြောတယ် တကယ်သရဲ ရှိတယ်တဲ့ အဲ့တာကြောင့်မို့..'
'သူများ ပြောတိုင်း မယုံရဘူးလေ ဘေဘီလေး.. တကယ်သရဲ ဆိုတာကိုလည်း.. မမြင်ရပဲနဲ့ လက်ခံလို့မရဘူး..'
'ကိုကိုကလည်း.. ခြူးကို တကယ် ခြောက်တာပါဆို..'
'အင်းပါကွာ.. ဖြစ်နိုင်ချေရှိတာကို ဘေဘီလေး ပြန်တွေးဖူးလား'
'ဖြစ်နိုင်ချေ မဟုတ်ဘူး အတိအကျကို မြင်ရတာ.. ဂစ်တာကလေ ဒီလို ဒီလို ဖြစ်နေတာပါဆို..'
'ဘေဘီလေးကကွာ.. ကိုကို ထောက်ပြမယ်.. ဘေဘီလေးက အိပ်ရာကနေ နိုးလာတော့ အမြင် မကြည်မလင် ဖြစ်နေတဲ့အချိန်မှာ ခြူးက ကုတင်မှာ ထောင်ထားတဲ့ ဂစ်တာကို တွေ့တော့.. အမြင်တွေက ဝေဝေဝါးဝါးနဲ့.. လှုပ်စိလှုပ်စိ ဖြစ်နေတယ်လို့ မြင်တာလည်း ဖြစ်နိုင်တာပဲ..'
ပြောချင်တာကို အဆုံးထိ ပြောပြီးသွားပြီဆိုမှ.. သူမလေး မျက်နှာ မကောင်းတာကို သတိထား မိသွားသည်။
ပြုံးပြတော့ မလိုလို.. မဲ့ပြတော့မလိုလိုနဲ့.. မျက်ရည်လေးတွေ လှုပ်လီလှုပ်လဲ့ ဖြစ်လာပြီး.. မျက်ရည်က ကျဆင်းလာ၏။ ဒါဆိုရင် သူမလေး ဝမ်းနည်း သွားရှာတာ..၊'ကိုကို မနက်စာ သွားစားလေ ခြူး ငိုလိုက်အုံးမယ်..'
တခြားလူတွေ ကြားရင် ဒါက တစ်မျိုး ဖြစ်နေနိုင်ပေမယ့် ခြူးရဲ့ ချစ်ဖို့ ကောင်းတာလေး တွေ ထဲမှာ ဘာလုပ်လုပ် ခွင့်တောင်း တတ်တာလေးလည်း ပါ၏။
စားမယ်.. သွားမယ်.. လုပ်မှာနော်.. ငိုမှာ.. အဲ့လိုမျိုးလေးတွေ လုပ်တတ်သလို သူများချော်လဲလို့ ရယ်ချင်တယ် ဆိုရင်တောင် မရယ်သေးပဲနဲ့.. ကိုကို ခြူး ရယ်လိုက်မယ် နော်လို့ ရယ်ချင်ပက်ကျိ မျက်နှာလေး နဲ့ ခွင့်တောင်း တတ်သေးသည်။
ခြူးပန်းပျိုဆိုတာက အဲ့လောက်ထိ ဖြူစင်သော ကလေးလေး..၊
ငိုမယ် ဆိုပြီး အိမ်ဘေးသို့ သွားလိုက်တာမို့ နှစ်လှမ်းလောက်ထိ ပြေးလိုက်မိသွားကာ..
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..