အပိုင်း-၃

2.1K 208 2
                                    

လူသားကဲ့သို့သော.. (အပိုင်း-၃)
×××××××××××××××××××

အရှေ့မှာ ရှိတဲ့ရေကန်ကို စိုက်ကြည့်ပြီး လေမှာပါလာတဲ့ မွှေးသော ချိုသော အနံ့တွေကို ရှုရှိုက်လိုက်မိသည်။ ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေနဲ့ အုံ့ဆိုင်းနေ၏။ နေထိုးလို့မရတဲ့ သစ်ပင်ရိပ်တွေ အောက်မှာ ရောက်နေတာကို ကြည့်ပြီး ရေထဲသို့ ဆင်းလာခဲ့သည်။

ဒီနေရာက လူသူမရောက်နိုင်တဲ့ တောတွင်း တစ်နေရာ..၊ လူသူ မရောက်နိုင်ဘူး ဆိုပေမယ့် သူကတော့ အမြဲတမ်း ရောက်လေ့ ရှိတဲ့ နေရာပါ..၊ အထူးသဖြင့် အိပ်ချင်တယ်ဆိုရင် အေးငြိမ်း တိတ်ဆိတ်စွာ အိပ်ဖို့အတွက် ရေကန်တစ်ခုတော့ သူ့အတွက် လိုအပ်သည်လေ။ အမြင်အာရုံက မျက်စိမှိတ်လိုက်တာနဲ့ လျော့ပါး သွားနိုင်ပေမယ့် အကြားအာရုံအတွက် ရေကန်ထဲမှာ စိမ်ဝင်ပြီးမှသာ အပူအပင်မရှိ အိပ်စက်နိုင်မည်။
ရေက သူအတွက် ဒီလိုနေရာမှာ အသုံးတည့် နိုင်ပေမယ့် တချို့သော အခြေနေတွေမှာ ဆိုရင်တော့ အန္တာရာယ်များသည် လို့ဆိုရမည်။

ရေထဲကို တစ်ကိုယ်လုံးနစ်ဝင် လိုက်ခြင်းမှာ အေးစိမ့်မှုနှင့်အတူ ကြားနေရသည့်အသံတွေ မကြားရလောက်အောင် တိတ်ဆိတ်သွားခြင်းကို သဘောတကျ ပြုံးမိရင်း.. အတွေးတို့က ငယ်ဘဝသို့ အလည် ရောက်သွား၏။

ငယ်စဉ်တုန်းက လို့ ပြောရင် သူ့အသက် ဆယ်နှစ်မကျော်ခင်က ကာလတွေကို ရည်ညွှန်း ရမည်သာ..၊ အိမ်မှာနေရင်း.. အလုပ်သမား ဒါမှမဟုတ် တခြား တစ်ယောက်ယောက်ကို တစ်ခုခု "ဖြစ်စေ!.." လို့တွေးလိုက်တာနဲ့ ဆန္ဒ ပြည့်ဝ သွားတာကို ကျေနပ်မိသေးတဲ့ ဘဝ..၊ "ဖြစ်စေ!.. ဆိုတဲ့ ဆန္ဒတွေ ပြည့်ဝနေတာကို ကျေနပ်မိပေမယ့် သူများ မမြင်နိုင်တာ သူများ မကြားနိုင်တာတွေ ကြားရ မြင်ရမှန်း သိလာတော့ အမေ့ရင်ခွင်ထဲမှာ ကျူကျူပါအောင် ငိုဖူးသေး၏။ လူတွေကြားထဲ သွားလာရင်တောင် မတော်တဆ သူ့ကို သူများတွေ ရိပ်မိလေမလား ဆိုပြီး အားငယ်မိခဲ့သေးတာ..၊

လူတစ်ယောက်ကို အာရုံစိုက်လိုက်ရုံလေးနဲ့ အဲ့လူရဲ့ အတွေးတွေကို ကွက်ကွက်ကွင်းကွင်း သိလာတော့ သူ့ကိုယ်သူ ထင်မိတာက မွေးရာပါ စုန်း.. ဒါမှမဟုတ်.. ကဝေ..၊ စုန်းအကြောင်းကို ထဲထဲဝင်ဝင် လေ့လာမိတော့ သူက စုန်းမဟုတ်ဘူး ဆိုပြီး လက်ခံ မိလာသည်။ သူ့အသက် နှစ်ဆယ်ငါး သုံးဆယ်မှာ စပြီး သတိထားမိလာတာက ပြောင်းလဲခြင်းတွေ ရင့်ရော်ခြင်းတွေ ရပ်တန့်သွားတဲ့ ရုပ်ရည်ကို ဖြစ်ကာ အဲ့တုန်းက သူကြီးသား ထင်ရှား ဆိုတဲ့ဘဝမှာ အလွန်တရာ မွေ့လျှော်မိနေတုန်း..၊

လူသားကဲ့သို့သော..Where stories live. Discover now