အပိုင်း-၂၀

1K 115 1
                                    

လူသားကဲ့သို့သော..(အပိုင်း-၂၀)
××××××××××××××××××××

ဆွဲရင်း ခြယ်ရင်း.. ရေးရင်း.. နှင့် ရေခဲရုပ်တွေ ကြားထဲက ကောင်မလေးရဲ့ ရုပ်ပုံလွှာက ထင်ထင်ရှားရှား ပေါ်လာ၏။ ညနက်နက် အမှောင်ကျနေသာ ရေခဲတွေပေါ်မှာ လရောင် ဝင်းဝင်း လက်လက်လေးတွေ ငွေမှင်ရောင်လက် နေတာက ပန်းချီကားချပ်ကို ပိုမို ပုံဖော် ပေးထားသည်။ မချစ်ပါဘူးလို့ စိတ်တွင်းကနေ တွင်တွင်ငြင်းဆိုနေပေမယ့် သူ့မျက်စိရှေ့မှ ပန်းချီကားက ဝင့်ဝင့်ကြွားကြွား ပုံပေါ်လာနေပြီ။ အဆုံးအစမဲ့ ပင်လယ်ပြင်ပေါ်က ဖိနပ်မပါသော အဖြူရောင် ညဝတ်အိတ် ဂါဝန်ရှည်လေးနဲ့.. ရေခဲအရုပ်တွေကြားမှာ ပြေးဆော့နေသော သူမက ဖြာကျနေသော လရောင်အောက်မှာ အသက်ဝင်သွား၏။ အစဆုံး ဆွဲပြီးသွားသော ပန်းချီကားကို နောက်တစ်ခါ ပြန်မကြည့်ဘူး ဆိုရင်တောင် သူမှတ်မိသည်။

ဘယ်သူ့အတွက်မှန်း မသိပဲ ရင်ထဲမှာ ကျင်ခနဲ နာကျင်သွားမိပြီး ပန်းချီဆွဲ စုတ်တံကို ပစ်ချလိုက်ပြီး.. သူငိုင်ကျသွားသည်။ ဟုတ်တယ် သူရင်နာတယ်..၊ ဒါပေမယ့် ဘယ်သူ့အတွက်လဲ..၊ ခြူးပန်းပျိုဆိုတဲ့ ကလေးမဟုတ် လူကြီး မဟုတ်လေးအတွက်လား.. ဒါမှမဟုတ်.. သူ့အတွက် သူရင်နာမိတာလား.. ဒီလိုမှ မဟုတ်သေးဘူး ဆိုရင် သူရင်နာနေတာက နှင်းအိအတွက်လား..၊ မဟုတ်ပါဘူး.. နှင်းအိအတွက် ရင်နာတယ် ဆိုရင် သူ့လက်တွေနဲ့ အပင်ပန်းခံ ရေးဆွဲတဲ့ ပန်းချီကားချပ်ပေါ်မှာ ရှိနေတာက နှင်းအိရဲ့ ပုံလွှာမဟုတ်ပဲနဲ့..၊

ပြီးတော့ သူအမြဲတမ်း အမြတ်တနိုးရှိဖူးတဲ့ ပန်းချီဆွဲ စုတ်တံတွေကို မြူမှုန့်တွေလို ဖျောက်ဖျက် လိုက်မိသည်။ မခံစားသင့်တာတွေ ခံစားနေရအောင် သူက ဘယ်အရွယ်လဲ..၊ ဘယ်အရွယ်လဲလို့ မေးရအောင် သူနဲ့တူသောသူက ဘယ်မှာရှိလို့လဲ..၊ မရှိဘူးလေ.. သူက လူငယ်လား.. လူလတ်လား.. ဒါမှမဟုတ်.. လူကြီးလား..၊ အဖြေမရှိဘူး ဆိုတာကို ရင်နာနာနဲ့ ရယ်ချလိုက်မိ၏။ ပြီးတော့ မြေအောက်ခန်းလေးထဲကနေ တောထဲသို့ ရောက်လာပြီး.. လူသွားလမ်းတောင် မရှိတဲ့ နေရာမှာ သူခြေချပြီး ပြေးလိုက်မိသည်။ ခန္ဓာကိုယ်မှာ ချွေးစို့လာတဲ့ အထိ ပြေးလိုက်မိပြီး နားလိုက်တော့မှ ခြေထောက်တွေမှာ သွေးတွေ ထွက်နေတာကို တွေ့လိုက်ရသည်။

လူသားကဲ့သို့သော..Where stories live. Discover now