အပိုင်း-၇

1.6K 172 0
                                    

လူသားကဲ့သို့သော.. (အပိုင်း-၇)
×××××××××××××××××××

'စားနော်.. အိမ်က ဈေးနဲ့ နည်းနည်းဝေးတော့ ရှိတာလေးကိုပဲ အဆင်ပြေသလို လုပ်ထားရတာ.. အခန်းထဲက ပစ္စည်းတွေကို အိမ်နောက်ဖက်က ဂိုထောင်ထဲ ထည့်ထားတယ်.. အလုပ်သမားတွေ ခေါ်ပြီး ရွေ့မလား.. မနက်ဖြန်ကျမှ ကြည့်စီစဉ်ကြတာပေါ့..'

စားနော် ဆိုပြီး.. ထမင်းပန်းကန်ကို ရှေ့တိုးလိုက်တော့ ငြင်းဖို့ခက်သွား၏။
ရတယ်.. မစားတော့ဘူး လို့ ငြင်းမလား..၊ အစားမစားလည်း ကျွန်တော် နေလို့ရတယ်လို့ ပြောမလား..၊ မစားဖို့ မသောက်ဖို့ကို ဘယ်လို ငြင်းရမလဲ..၊

ဟင်းမကောင်းလို့ များလား..၊ မစားချင်ဘူးလား..၊ ဘာလို့ မစားချင်တာလဲ..၊ သူတို့ တွေးနေသမျှ ကိုလည်း ကြားနေရကာ.. မစားရခြင်း အပေါ် အာရုံစိုက်မှု လျော့သွားအောင်.. ထမင်းပန်းကန်ကို ရှေ့သို့ ဆွဲယူလိုက်ရ၏။ ဘာမှမစားတာ နှစ်နှစ်ဆယ်ကျော် ရှိနေခြင်းမှာ တစ်ခုခုစားလိုက်ရင်.. ဘယ်ကစ ဝါးရမလဲ ဆိုတာကို ပြန်တွေး နေမိသည်။
မဟုတ်ဘူး မဟုတ်ဘူး.. ဘယ်ကဝါးဝါး ရတယ်..၊ ပါးစပ်ထဲ ရောက်ဖို့ပဲ လိုတာ..၊
ကိုယ့်ဖာသာ အားပေးသလို တွေးလိုက်ပြီး.. ချထားတဲ့ ဇွန်းကို ကောက်ကိုင်ကာ.. စစားလိုက်၏။ ဝါးရခြင်း မျိုချရခြင်းတွေကို မနိုင်မနင်း ပြုလုပ်ရင်း.. စိုက်ကြည့်နေတဲ့ သူတွေကို အားနာပါးနာ ပြုံးပြဖို့တွေ မတွေးမိပဲ.. ပန်းကန်ထဲက ထမင်းကိုသာ မာရသွန် အပြေးသမားလို စားပြီး ကုန်သွားပြီဆိုတာနဲ့ ထမင်းဝိုင်းကနေ ထရပ်ပြီး အိမ်အပြင်သို့ ထွက်လာ ခဲ့တော့၏။

'ထမင်းမစားဖူးဘူးလား မသိဘူးနော် မမနွယ်.. ထမင်းချည်းပဲ စားသွားတာ.. ဟင်းလည်း မစားဘူး..'

စကားသံ တိုးတိုးလေးကို ကြားလိုက်ရမှ ခြေလှမ်းတွေ ရပ်သွားမိ၏။
သေရောကွာ..၊ ဟုတ်သားပဲ.. ထမင်းဆိုတာ ဟင်းနဲ့ စားရတာလေ..၊ ဘာလို့ မေ့သွား ရတာပါလိမ့်..၊ သူ့မှတ်ဉာဏ်တွေပဲ ချို့တဲ့သွားတာလား..၊ မဟုတ်ပါဘူး.. မလိုဘူး ဆိုလို့ မေ့ထားလိုက်တာတွေပါ..၊

ခြံတံခါးဝကနေ လူတစ်ယောက်က အိတ်တစ်အိတ်လွယ်ရင်း လှမ်းဝင်လာတာမို့.. ခြံတံခါးကို ပြန်ပိတ်နေတဲ့ ထိုလူနားသို့ ရောက်သွားမိ၏။
ထိုလူက ခြံတံခါးကို.. ပိတ်နေရာမှ လှည့်လာပြီး.. သူ့ကိုတွေ့သွားကာ..

လူသားကဲ့သို့သော..Where stories live. Discover now