လူသားကဲ့သို့သော.. (အပိုင်း-၄)
×××××××××××××××××××'တကယ်ပြောတာ ကိုကိုရဲ့.. တကယ်သရဲ ရှိတာပါဆို ကိုကိုကပါ ခြူးကိုမယုံရင် ခြူးကို ဘယ်သူက ယုံတော့မှာလဲ..'
'ယုံပါတယ် ခြူးရယ်.. မယုံဖို့မှမရှိတာ ကိုကို့ ဘေဘီလေးက မညာတတ်ဘူး ဆိုတာ သိပြီးသား..'
'အာ့ဆိုပြော ဒီကို ဘယ်တော့လာမလဲ.. ခြူးဒီမှာ တစ်ယောက်တည်း ပျင်းတယ်..'
'အဲ့တာကလေ ခြူးရယ်..'
ကိုကို့ဆီက ထစ်အအ အသံထွက်လာတာနဲ့.. ခြေဆောင့် လိုက်မိပြီး.. ဆည်းလည်းလေးတွေ စီထားတဲ့ ခန်းဆီးကို လှုပ်ခါ လိုက်မိသည်။ လက်ထဲက ဖုန်းကိုလဲ တပ်ထားတဲ့ ခြူလေး မြည်အောင် ယမ်းခါ ပစ်လိုက်သေးသည်။
'အဲ့တာပဲ!.. ပြောတော့ဖြင့် ကိုကို့ဘဝမှာ ဘေဘီလေး ကသာ ဘာညာ ဘာညာနဲ့ လူလိမ်ကြီး..'
'မဟုတ်ဘူး ခြူးရယ်.. ကိုကိုက ဒီမှာ အလုပ်တွေမှ မပြတ်တာ.. အလုပ်တွေ ပြီးပြီဆိုတာနဲ့ ချက်ချင်းထွက်လာမှာပါကွာ.. ပြီးရင် အပြောင်းတင်ပြီး တစ်ခါတည်း ပြောင်းလာခဲ့မယ်.. စိတ်မဆိုးပါနဲ့ကွာ..'
'မရဘူး.. ဆိုးမှာ ခြူးစိတ်တိုင်းကျ မနေပေးရင်.. ကိုကို့ကို ခြူးက မယူတော့ဘူး ဆိုပြီး ငြင်းမှာနော်.. နောက်ကျမှ ခြူးအဆိုးမဆိုနဲ့..'
'ဟား!.. ခြူးရယ်.. ကလေးလို့ ပြောရင်လည်း မကြိုက်ဘူး.. အိမ်ထောင်ရေးကိစ္စက အခုယူမယ် အခုမယူတော့ဘူး လုပ်လို့မှ မရတာ ခြူးရယ်.. ကိုကိုက အတင်း မတိုက်တွန်းဘူးနော်.. ခြူးလေး စိတ်ကြိုက်တွေး.. ခြူးကို ကိုကိုက ညီမလေးလို တစ်သက်လုံး ချစ်လည်း ရတယ်.. ချစ်သူလိုဆိုလည်း ကိုကို့အတွက်က ရတယ်..'
'ဟွန့်!.. သူ့ကျတော့ အရှုံးလည်း မရှိဘူး.. မရဘူး ကိုကိုခြူးကို မယူလည်း ရုပ်ဆိုးဆိုး အကျင့်မကောင်း ညအိပ်ရင်လည်း ဟောက်တတ်သေးတဲ့.. စုန်းမနဲ့ အတင်းပေးစားခိုင်းမှာ..'
'ဟား ဟား.. ဟား.. အဲ့လို စုန်းမ ရှိကော ရှိရဲ့လားလို့ အရင်ရှာလိုက်ပါအုံး ဘေဘီလေးရယ်.. ကဲ ကိုကိုမအားတော့ဘူး'
ဟွန့်!.. အဲ့တာ ကိုကိုစုတ်..၊ ဘယ်တော့မှလည်း မအားပါဘူး..၊ တစ်ရုံးလုံးမှာ ရှိသမျှ အလုပ်တွေ သူ့ချည်း လုပ်နေသလား အောက်မေ့ရသည်။
တစ်ခါတစ်လေကျ ရှိတတ်သေးသည်။ "ပြော.. ခြူးလေး အချိန်က ဆယ်မိနစ်ပဲရမှာ.." ဆိုပြီတော့..၊ အချိန် ဆယ်မိနစ်မှာ ဖုန်းပြောတာ တာတို အပြေးသမားလို ပြောရတော့မလိုတွေ လည်း ခဏခဏ ကြုံဖူးသေး၏။
နောက်ဆုံးကျတော့လည်း.. အဲ့ကိုကိုကလေ ဆိုပြီး ကျေအေး ပေးလိုက် ရတာကလည်း အကြိမ်ကြိမ်..၊
အနား ရောက်လာပြီဆို.. ကလေးလေး တစ်ယောက်လို ယုယကြင်နာ တတ်သော်လည်း.. တာဝန်ဆိုတာနဲ့ ခွံ့ကျွေးနေတဲ့ ဇွန်းကို ချပြီး ပြေးသွားတတ်သည့် ကိုကိုက ဒက်ဒီနဲ့ မာမီရဲ့ မွေးစားသား ဆိုလည်း ဟုတ်..၊ သားကြီး ဩရသ ဆိုလည်း ဟုတ်..၊
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..