လူသားကဲ့သို့သော..(အပိုင်း-၁၉)
×××××××××××××××××××ဘာကောင်နဲ့ တွေ့လိုက်ရမှန်းပင် မသိ.. လေကတိုက် အေးကအေး.. ဘေးဘီကို ဘယ်လို ကြည့်ကြည့် လျှောက်လမ်း သာသာလေးပေမယ့် ဘယ်ကို သွားတဲ့ လမ်းဆိုတာလည်း သူ မသိသလို..၊ လူလူ သူသူ ဖြတ်သွားဖြတ်လာ တောင် မရှိတဲ့ အထိ ခေါင်တဲ့ နေရာမှာ သူ့ကို လာပစ်ထား သွားတာကို တွေးလေ တွေးလေ စိတ်က မကြည်မလင် ဖြစ်လေ ဖြစ်ရ၏။ ဒေါသထွက်လို့ တောက်ခတ်လိုက်သံ တောင်မှ လေအေးတွေ တိုက်နေသဖြင့် သွားချင်း ကြိတ်သံ လောက်သာ ထွက်တော့၏။
လမ်းလျှောက်လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး ကလည်း ခဲတွေ ရွံ့တွေနဲ့ကြောင့်မို့ ဖိနပ်ကလည်း ပေါက်ပြဲကာ.. ခြေထောက်တွေလည်း နာနေပြီ။
တစ်နေကုန် လမ်းလျှောက်နေရလို့ ဗိုက်ဆာနေပေမယ့် စားသောက်ဖို့ နေရာကလည်း ဆိုင်သေးသေးတောင် တစ်ဆိုင်မှ မတွေ့..၊ တွေ့ခဲ့သည် ရှိသော်.. ဘာနဲ့ ဝယ်စားမလဲ.. ပိုက်ဆံလည်း တစ်ကျပ်မှ မပါသလို.. အိတ်ထဲက ဖုန်းတောင် မြူမှုန့်လို ဖြစ်အောင် လုပ်သွားသေး၏။ဘယ်လို မကောင်းဆိုးဝါးမှန်း မသိပေမယ့် နောက်တစ်ခေါ ထပ်ကြုံရင် သူ့ကို ပင်လယ်ထဲက ကျွန်းသို့ မပို့ပစ်ဘူးလို့ မပြောနိုင်ဘူး..၊
'ကျွတ်..'
'ဟွန့်!..'
ကျွတ်ခနဲ စုတ်သတ်လိုက်ခြင်းရဲ့ နောက်မှာ ဟွန့်ခနဲ ရယ်လိုက်သံက သူရယ်လိုက်တာလည်း မဟုတ်ပဲနဲ့..၊ ဖျင်းခနဲ ဖြစ်သွားခြင်းနဲ့ အတူ လမ်းပေါ်က ကျောက်ခဲလုံးလေးတွေကို လှမ်းကန်လိုက်ပြီး..
'မင်းရှိနေတယ် ဆိုရင် ထွက်လာခဲ့တော့.. ဟေ့ လူမဟုတ်တဲ့ကောင်..'
'ရှိတယ်..'
ဘွားခနဲ ဘေးကနေ ပေါ်လာတော့ လူက လန့်ဖြန့်ပြီး လမ်းဘေးသို့ ဆင်းချသွားမိသည်။
'မင်း ငါ့ကို ပြန်ခေါ်သွား.. မင်းဘာလို ချင်နေတာလဲ ဟေ့ကောင်..'
'မင်းရဲ့ ရည်ရွယ်ချက်ကို ပြောင်းပစ်ဖို့ လာတယ်လို့ မင်းကို ငါပြောသားပဲ..'
'ငါဘာလုပ်မယ် ဆိုတာ မင်းသိလို့လား..'
'သိတယ်.. မင်းတွေးထားတာ အကုန် ငါသိတယ် မင်းမှ မဟုတ်ဘူး လူတိုင်းရဲ့ အတွေးတွေကို ငါကသိနိုင်တယ်'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..