အပိုင်း-၂၆ ဇာတ်သိမ်း

3.1K 255 39
                                    

လူသားကဲ့သို့သော.. (အပိုင်း-၂၆) ဇာတ်သိမ်း 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီအိမ်ထဲမှာ အကြာကြီးလည်း မနေဖူးပဲနဲ့ သိနေတယ် ဆိုတဲ့ ခံစားချက်က လူကို ဆို့နစ်နေစေသည်။ ပြီးတော့ တစ်စုံတစ်ယောက်ကို လွမ်းမောနေသော ခံစားချက်များ..၊ ဘယ်သူ့ကို လွမ်းနေတာလဲလို့ မေးလာရင် ဘယ်သူ့ကိုမှန်းလည်း မသိ..၊

ကားပေါ်ကနေ ဆင်းလိုက်ပြီးမှ.. ခြံတံခါးဝတွင် ခြေချလိုက်သည်။ ခြံတံခါးက သော့မခတ်ထားပါ..၊ ခြံတံခါးကို အသာလေး တွန်းဖွင့်လိုက်တော့.. အသံတစ်ချက်မှ မမည်ပဲ ပွင့်သွား၏။

ခြံအတွင်းသို့ ရောက်လာပြီးမှ.. တစ်ယောက်ယောက် ရှိနေတယ် ဆိုတဲ့ အတွေးက မျက်ရည်တွေကို ပါးပြင်သို့ လျောကျလာစေ၏။ ဒီနေရာနှင့် ရင်းနှီးနေပြီး ဒီနေရာကို မသိသော သူမအဖြစ်က ဘာနဲ့တူနေပြီလဲ..၊

ကိုကို့ကို လှည့်ကြည့်တော့ မချိပြုံးလေးနဲ့.. သူမကို ပြုံး၍ ခေါင်းညိတ်ပြသည်။ ဒီ ခုနှစ်နှစ်လုံးလုံး ကိုကိုသည် သူမအား သူမစိတ်တိုင်းကျ လက်ထပ်ခြင်းကို ငြင်းပယ်ခဲ့ပြီး.. သူမအိပ်မက်ထဲက လူကို ရှာရန် ခွင့်ပြုခဲ့သည်။ ဒက်ဒီက သဘောမတူ သော်လည်း.. မာမီနှင့် ကိုကိုက သူမ ကျန်းမာရေးအတွက် အဓိက ဟု ဆိုတာ ခွင့်ပြုပေးခဲ့ကြ၏။

ထို့ကြောင့် ခြံဝန်းအတွင်းသို့ လှမ်းဝင်ခဲ့တော့.. ကျောက်ခဲတွေ ညီညာစွာ စီတန်းထားသော လမ်းပေါ်ရှိ သစ်ရွက်များက သူမကို ကြိုဆို နေသည် ဟု ခံစားမိသည်။ ဘာကိုမှန်းမသိပဲ ဝမ်းနည်းသော ခံစားချက်က နင့်သီးစွာ.. အသံထွက်အောင် ရှိုက်လိုက်မိသည်။

'အဟင့်.. အီး..'

ခြံဝထိ လာခဲ့ပြီးမှ ဘာကို ခံစားမိမှန်း မသိပဲ ငိုနေသော သူမကို အိမ်ပေါ်ကနေ ငေးရီစွာ ကြည့်နေမိသည်။ အရင်ကလို ကလေးငယ်လေးလို မဟုတ်တော့သော်လည်း.. သူမက စိတ်အတွင်း၌ ဖြူစင်ခြင်းများနှင့် ရှိဆဲ..၊ သူမ ငိုကြွေးလိုက်တိုင်း.. ခံစားရခက်နေသည့် ရင်ဘတ်က ယခုလည်း.. မွန်းကျပ်စွာ အသက်ရှုရန် ခက်ခဲနေ၏။

ဆံပင်တွေ ခါးတိုင်အောင် ရှည်လျားနေသည့် သူမက နှင်းမှုန်တွေကြားမှာ နတ်သမီးတစ်ပါးနှင့် တူနေ၏။ ပြီးတော့ သူ့ကို ဘယ်သူမှန်း ဘာမှန်း မသိပဲ လိုက်ရှာနေခဲ့တာတွေ..၊
ကိုယ့်ကို ရူးသွားအောင်များ ပြုစားနေတာလား.. ကောင်မလေးရယ်..၊ ဒီတစ်ခါ ဒီခြံဝန်းကြီးထဲကို ပြန်ရောက်လာခဲ့တဲ့ မင်းကို ကြည်သာစွာ ပြန်ပြီး ထွက်သွားခွင့်ပြုဖို့ မလွယ်တော့ဘူး ကောင်မလေးရယ်..၊ မင်း ထွက်သွား ချင်တယ် ဆိုရင် မလာခဲ့သင့်ဘူး..၊ ရှေ့ကို ခြေလှမ်းမချပါနဲ့..၊

လူသားကဲ့သို့သော..Donde viven las historias. Descúbrelo ahora