အပိုင်း-၂၁

1.1K 128 0
                                    

လူသားကဲ့သို့သော.. (အပိုင်း-၂၁)
xxxxxxxxxxxxxxxxxxxxxxxxxxx

ကားထွက်သွားတဲ့ဆီ ရပ်ငေးနေပေမယ့် ကားကတော့ မြင်ကွင်းမှာ မရှိတော့ပေ။ ဒီလူ ဒီတိုင်းနဲ့ ပြီးသွားပြီလို့ သဘောထား နိုင်မယ့်သူ မဟုတ်မှန်း သိနေသော်လည်း ဒီလိုမလုပ်နဲ့ ဆိုပြီး ဇရိုင်းရဲ့ စိတ်တွေကို သူမပြောင်းလဲ လိုပေ။ အကယ်၍ ပြောင်းလိုက်သည် ဆိုရင်တောင် ပြန်သတိရလာတဲ့ အချိန် ယခုထက် ပိုမိုဆိုးဝါးသော အပြုမူတွေကို ပြုလုပ်မည် ဆိုတာ သေချာ သိနေ၏။

ဒီလောက်တောင် ဆိုးလားလို့ မေးစရာပေမယ့် အဲ့ထက်ဆိုးနေနိုင်သေးတဲ့ ဇရိုင်းရဲ့ သဘောထားတွေကို သိလိုက်ရခြင်းက သူ့ကို တစ်ခုခု မလုပ်ဖို့ တားဆီးနေသည်။

'ထင်ရှား!..'

'ဘာလဲ..'

'ပြန်သွားတဲ့ လူက ဘယ်သူလဲ မသိဘူးနော်.. မမနွယ်ကပြောပြတာ ဒက်ဒီက အဲ့လူကို ကြောက်နေတယ်တဲ့..'

'အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ..'

ပြောလိုက်မိပြီးမှ စိတ်မကောင်း ဖြစ်သွားမိသည်။ အိမ်ပေါ်မှာ မင်းမာန်ခနဲ့ မမနွယ်နဲ့ တိုင်ပင်နေကြတာကို သိရဲ့သားနဲ့.. သူမလေး သူ့ကို စကားလာပြောတာနဲ့ မချေမငံတွေ ဖြစ်သွားတတ်တာက သူမလေး သူ့ကို တွယ်တာနေတာမျိုး မဖြစ်စေချင်လို့ပါ။

ချစ်လားလို့ မေးခဲ့ရင် ဟင့်အင်း ဆိုပြီး ငြင်းအုံးမှာပေမယ့် မနာကျင်စေလိုတာကျတော့ ဘာကြောင့်မို့လဲ..၊ လှည့်ထွက်သွားတဲ့ နောက်သို့ ပြေးလိုက်လာမိပြီး..

'ထင်ရှား နင်က ဘာလို့ ငါ့ကို မတူသလို မတန်သလို ဆက်ဆံနေရတာလဲ..'

'ထင်လို့ပါ..'

'ထင်တာ မဟုတ်ဘူး.. နင်တကယ် ငါ့ကို အဲ့လို စကားတွေ အဲ့လို အပြုအမူတွေနဲ့..'

'မင်းကကော ဘာလို့ငါ့ကို ရင်းနှီးချင်နေရတာလဲ.. ငါနဲ့နင်နဲ့က မရင်းနှီးသင့်ဘူး.. နားလည်လား..'

မရင်းနှီးသင့်ဘူး ဆိုတဲ့ စကားကို ပြောဖို့ အားယူလိုက်ရတာကို သူမလေးက သိမှာ မဟုတ်ပေမယ့်..

'နားမလည်ဘူး.. ဘာတွေမှားနေလဲတော့ ငါလည်း မသိဘူး.. နင်က ငါ့ကို အပြင်မှာကျတော့ တစ်မျိုး အိပ်မက်ထဲမှာ ကျတော့ တစ်မျိုး.. ဆက်ဆံနေတာ..'

လူသားကဲ့သို့သော..Where stories live. Discover now