လူသားကဲ့သို့သော.. (အပိုင်း-၁၁)
××××××××××××××××××××ပစ္စည်းတွေ သိမ်းဆည်း စုပုံထားဖို့က သူ့အတွက်ဆိုရင် အချိန်ကော လုပ်အားကော ချွေတာလို့ရပေမယ့်.. စောင့်ကြည့်နေကြတဲ့ လူတွေ ရှေ့မှာ အထူးသဖြင့် အနားကပ်နေတဲ့ ကလေးမဟုတ် ဘာမဟုတ် ကောင်မလေး ရှေ့၌ သူ့မှာ ချွေးထွက်အောင် လုပ်နေရ၏။
'ထင်ရှား..'
ခေါ်ပြီး ရပ်သွားတာကို ငဲ့ကြည့်တော့ သူမက အပြစ်ကင်းတဲ့ အပြုံးလေးနဲ့ ရယ်ပြ၏။
'ဒီအိမ်မှာ ရှိတဲ့ သရဲကလေ..'
သရဲကလေလို့ ပြောလိုက်တိုင်း.. တွန့်ခနဲ ဖြစ်သွားတတ်တာလည်း အကျင့်တောင် ဖြစ်နေပြီလား မသိ..၊
သရဲဆိုတာ ငါပဲလို့ မပြောနိုင် သေးသ၍တော့ သူမပြောနေသမျှ.. သရဲဆိုတာကို နားထောင် ပေးဖို့တွေလည်း ရှိနေရကာ..၊
'မောင်လေးကို အားနာပေမယ့် ခြူးလေးကို နည်းနည်း သည်းခံပေးပါနော်.. သူက ကလေးမို့ပါ' ဆိုပြီး တစ်ယောက်က တစ်မျိုး..၊ 'သူ့ကိုတော့ သည်းခံပေးပါ ညီလေးရာ.. သူက ကလေးလို ဆိုးရုံလေးပါ..' နောက်ထပ် တစ်ဦးက တစ်ဖုံ.. တောင်းဆို ထားသူတွေ ကြား ငြင်းပစ်ဖို့ မတတ်နိုင် ခဲ့လေတော့.. ပြောသမျှ နားထောင်.. မေးသမျှ အင်း.. လုပ်လိုက် အဲ.. လုပ်လိုက်..၊
'အဲ့သရဲက သွေးတွေ ဘာတွေ စုပ်တတ်လား..'
လာပြန်ပြီ သွေးစုပ်တဲ့ ကိစ္စ..၊ သွေးစုပ်ဖို့ မပြောနဲ့.. အစားစားနေရတာတောင် မဖြစ်သာလွန်းလို့ စားနေ ဝါးနေ မျိုချရတာ..၊
'မစုပ်တတ်ဘူး..'
'နင်က ဘယ်လို သိတာလဲ..'
သူမစိတ်ထဲမှာ စူးစမ်းသလိုလေး ဖြစ်သွားလိုက်.. ပြန်လျော့သွားလိုက်နဲ့.. မျက်မှောင်ကုတ် သွားတာလည်းရှိ.. ချက်ချင်း ရယ်လိုက်တာလည်းရှိ..၊
သူမကို စိတ်ထဲထိ လိုက်ဖတ်စရာ မလိုပဲ မျက်နှာလေး ကြည့်ရုံနဲ့.. သူမစိတ်ထဲက အရာမှန်သမျှက မကွယ်မဝှက်တမ်း သိနိုင်၏။'မေးပြီးရင် ဖြေတာကို လက်ခံ.. လက်မခံနိုင်ရင် မမေးနဲ့..'
'အဲ့သရဲက နင်တို့ အမျိုးထဲကပဲလား..'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..