အပိုင်း-၂၂

1.1K 115 0
                                    

လူသားကဲ့သို့သော.. (အပိုင်း-၂၂)
xxxxxxxxxxxxxxxxxxxxxxxxxx

ပြသနာက ထိုမျှဖြင့် ပြီးသွားမှာ မဟုတ်တာကို သိသော်လည်း.. မနေ့ညတုန်းကတော့ ဦးခန့်ဆီ သွားမယ် ဆိုပြီး ဒီနေ့ကျတော့ မသွားနိုင်..၊
ဖြစ်လာနိုင်တာတွေကို သိနေမှတော့ သူမကို ထားပြီး သူဘယ်လို ထွက်သွားနိုင်မှာလဲ..၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုပြီး.. ဝေခွဲဖို့ စိတ်မဝင်းစားသော်လည်း သူများ၏ အမှားကြောင့်မို့တော့ သူမလေးအား ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေလိုပေ။

'မနွယ် ကျွန်တော် ဒီမှာ တစ်ပတ်လောက် နေပြီးရင် ဦးခန့်ဆီ သွားမယ်.. လုပ်စရာနည်းနည်း ရှိနေသေးလို့ပါ..'

'ရပါတယ်.. ဘာလို့ ဒီလောက် မြန်မြန်ကြီး သွားချင်ရတာလဲ.. မသွားလည်း ရနေတာပဲ..'

'ကျွန်တော် သွားဖို့ လိုတဲ့ ကိစ္စလေးတွေ ရှိလို့ပါ..'

'ကောင်းပါပြီ.. သွားဖို့ လိုတယ် ဆိုတော့လည်း သွားပေါ့.. မဟုတ်လည်း နေတတ်တယ်ဆို ဒီမှာပဲ နေလိုက်ဖို့ ပြောမလို့..'

'သွားပါစေ.. မနွယ်ရယ်.. လူငယ် ဆိုတော့.. မြို့ကြီးမှာ သွားပြီး မျက်စိဖွင့် နားဖွင့် နေနိုင်တော့ ကောင်းတာပေါ့..'

'ကိုမင်းမာန်နဲ့ ကျွန်တော် စကားပြောဖို့လည်း ရှိတယ်.. ကိုမင်းမာန် နေ့လည်ကျ.. အားတဲ့ အချိန်ကျရင် ကျွန်တော်နဲ့ စကားပြောပေးပါ..'

'ကောင်းပြီလေ.. ညီ.. နေ့လည်.. အစ်ကို.. ရုံးကနေ ထမင်း ပြန်လာစားတဲ့ အချိန် ပြောကြတာပေါ့.. မနွယ် ကျွန်တော် သွားပြီနော်.. ဘေဘီလေး နိုးလာရင်.. နေ့လည်ကျ ရေခဲမုန့် ဝယ်ခဲ့မယ် ပြောပေးအုံး.. မဟုတ်ရင် မနက်သူ့ကို မတွေ့လို့ ဆိုပြီး မနွယ် တူမ ကျွန်တော့်ကို စိတ်ကောက်လိမ့်မယ်..'

'အေးပါဟယ်.. မင်းက အင်္ကျီမပါးဘူးလား မာန်ခရယ်.. ကားနဲ့ ဆိုပေမယ့် အပြင်ထွက်ရင်..'

'ရတယ်.. မနွယ်.. သွားပြီ..'

ထွက်သွားပြီ ဆိုတဲ့ သူကို လှည့်ကြည့်ပြီး ပြုံးလိုက်မိပေမယ့်.. နာကျင်စွာ ဖြစ်မည် ထင်သည်။ ခင်ဗျား ကျေနပ်လိုက်တော့ မင်းမာန်ခ..၊ ခင်ဗျားရဲ့ ရွှေမင်းသမီး အတွက် ကျုပ်ရဲ့ နှလုံးသားကို ဆော့ကစား ခွင့်ပြုလိုက်မယ်..၊ အဲ့တာက သူမအတွက် လိုအပ်နေလို့..၊

လူသားကဲ့သို့သော..Tempat cerita menjadi hidup. Temukan sekarang