အပိုင်း-၂၃

1.1K 119 1
                                    

လူသားကဲ့သို့သော.. (အပိုင်း-၂၃)
xxxxxxxxxxxxxxxxxxxxxxxxxxx

ကွေ့ကောက် နေသော တောင်ပတ်လမ်း အတိုင်း သွားနေသည့် ကားလေးတွေကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ပြီး ဒီလို အနေထားနဲ့ သူသာ ကားထဲသို့ ရောက်သွားပါက သူမလေး ထိတ်လန့်ပြီး သတိလစ်သွား နိုင်သေး၏။ ထို့ကြောင့်.. သူမကို အိပ်ပျော်စေလို့ တီးတိုး ဆန္ဒပြုလိုက်ရ၏။

အနားမှာ ငိုရှိုက်နေရင်းက အိပ်ပျော်သွားသော ကောင်မလေးကို ငဲ့ကြည့်လိုက်ပြီး.. ကားရပ်သွားတာကို သိလိုက်သည်။ ပြီးတော့ သူမှ လွဲ၍ ကျန်သော သူများက ဘာကိုမှ မမြင်ရသော သူတွေလို အပြင်သို့ ငေးနေကြ၏။

ထို့ကြောင့်.. ကားတံခါးကို ဖွင့်လိုက်ကာ ကားပေါ်က ဆင်းတော့ ထို လူသား မဟုတ်ဘူး ဆိုသော လူသားကဲ့သို့သော သူက ကားအပြင်ဖက်တွင် မတ်တပ်ရပ်နေ၏။

သူထွက်သွားတော့ သူက.. အေးစက်သော မျက်နှာဖြင့်..

'မင်းကို ပထမအကြိမ် သတိပေးတယ် မနေ့တုန်းက ဒုတိယ အကြိမ်.. အဖြစ်.. မင်းကို မကြိုဆိုဘူးလို့ ပြောခဲ့တယ်.. အခု တတိယအကြိမ် အဖြစ် စကားနဲ့ မပြောချင်တော့ဘူး.. မင်းရှိနေသေးရင်.. ငါမထိခိုက်စေချင်တဲ့ သူက ထိခိုက်အုံးမှာ ဆိုတော့..'

'မင်းငါ့ကို သတ်မလို့လား..'

ခနဲ့တဲ့တဲ့ မေးလိုက်ပြီး သေနတ်ဖြင့် ချိန်လိုက်တာကို ထိုသူက နောက်သို့ နှစ်လှမ်းမျှ ဆုတ်လိုက်ပြီး..

'မင်းငါ့ကို သေနတ်နဲ့ ပစ်လို့ မရဘူး.. ငါက သေနတ်ထက် ပိုမြန်တယ်.. ပြီးတော့.. ငါက မင်းကို မသတ်ပါဘူး မသေရုံတစ်မယ် ထားမှာပါ..'

သေနတ်က အသံတိတ်ကိရိယာ တပ်ထားတာမို့ ပြောင်းဝကနေ အသံမထွက်ပဲ ကျည်ဆန်က ထွက်သွားသော်လည်း.. ထိုလူက လေပေါ်သို့ အသာလေး ရှောင်ပစ်လိုက်သည်။ ပြီးတော့မှ..

'မင်းလုပ်လို့ မရဘူးလို့ ငါပြောသားပဲ..'

စကားပြောပြီးသွားသည်နှင့်.. သူ့ကို ကားရှေ့သို့ ဆွဲယူလိုက်သည်။ ပြီးတော့မှ ကားထဲက.. ကောင်မလေးကို ဆွဲယူပွေ့ချီလိုက်ပြီး.. ကားဦးခေါင်းကို ချောက်ထဲသို့ ဆွဲချပစ်လိုက်၏။ ကားလေးက ပြင်းထန်သော အရှိန်ဖြင့် လူကို တိုက်မိပြီး.. ချောက်အောက်သို့ ကဆုန်ဆိုင်း ဆင်းသွားတော့၏။

လူသားကဲ့သို့သော..Where stories live. Discover now